ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

0
313

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် His Grace Comboy Archbishop Paul Tschan in-Nam တို့ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုအရေး ဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၂ နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်မင်းကြီးရဲ့အထူးကိုယ်စားလှယ်တော်တို့ဟာ ဗာတီကန်နဲ့ မြန်မာနိုင်ငံကြား သံတမန်ဆက်သွယ်ရေး ထူထောင်ရေးကိစ္စတွေ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မယ့် အလားအလာတွေကိုလည်း ထည့်သွင်းဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)