တရားမ၀င် သစ် ၂၃.၀၃၁၈ တန် ဖမ်းဆီးရမိ

0
303

ရှမ်းပြည်နယ်၊ နမ့်ခမ်း မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းတွေ နယ်မြေခံတပ်ဖွဲ့မှ တပ်မတော်သားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်က တရားမဝင်သစ် (၂၃.၀၃၁၈ တန်)ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီသစ်တွေကို မိုင်းဝီးဘက်မှနမ့်ခမ်းဘက်ကို ယာဉ်မောင်း လောက်တဲ့(ခ) ဉာဏ်မောင်(၂၁)နှစ် မောင်းနှင်လာတဲ့ နံပါတ်မပါ(၁၂)ဘီးယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့ရာမှ အခုလိုဖမ်းဆီးရမိတာပါ။

တရားမဝင်သစ်တွေဟာ ကျွန်းသစ်၊ ပိတောက်သစ်နဲ့ တမလန်းသစ်တွေဖြစ်ပြီး ကာလတတန်ဖိုးကျပ်(၂၇,၁၁၆,၄၈၀)ရှိကာ မတရားမဝင်သယ်ဆောင်ခဲ့တဲ့ ယာဉ်မောင်း လောက်တဲ့ (ခ) ဉာဏ်မောင်ကို နမ့်ခမ်းမြို့မရဲစခန်းက (ပ)၁၆/၂၀၁၇၊ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)နဲ့ အမှုဖွင့် စစ်ဆေးနေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)