မျိုးမြတ်ဟိန်း ငါးဖမ်းဝါးလက်လှေ နစ်မြုပ်ရာမှာ ပါဝင်ခဲ့တဲ့ ရေလုပ်သားတွေကို ကယ်တင်နိုင်ခဲ့

0
280

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၂ မိုင်ခန့် အကွာရှိ ပင်လယ်ပြင်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၂ နာရီခန့်က အဏ္ဏ၀ါရေလုပ်ငန်းကုမ္ပဏီမှ ပိုင်ဆိုင်တဲ့ မျိုးမြတ်ဟိန်းအမည်ရှိ ငါးဖမ်းဝါးလတ်လှေမှစက်ခန်းအတွင်း ၀ါယာရှော့ဖြစ်ရာက မီးလောင်နစ်မြုပ်ခဲ့ပါတယ်။

အဲဒီလှေနစ်မြုပ်ရာမှာ ပါဝင်ခဲ့ကြတဲ့ လှေသား ၁၈ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်က ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ နာရီခွဲခန့်မှာ သွားရောက်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တာပါ။

ငါးဖမ်းဝါးလတ်လှေဟာ ရေလုပ်သား ၁၉ ဦးနဲ့အတူ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှာ ပင်လယ်ပြင် အတွင်း ငါးဖမ်းဆီးနေစဉ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး၊ ရေလုပ်သားတွေထဲက စက်ဆရာဖြစ်သူ ဦးကျော်မိုးမှာ ပျောက်ဆုံးလျက်နေပြီး ကျန်ရေလုပ်သား တွေကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)