ချားမင်းအထည်ချုပ်စက်ရုံက ၀န်ထမ်း ၁၀၀ ကျော်ကို လျှော့ချခဲ့တဲ့ အတွက် တရားစွဲဆို သွားမယ်

0
307

ချားမင်းအထည်ချုပ်စက်ရုံက ၀န်ထမ်း ၁၀၀ ကျော်ကို စက်ရုံက လျှော့ချခဲ့တဲ့အတွက် အလုပ်သမားဖြန်ဖြေရေး ခုံသမာဓိကောင်စီကို တင်ပြခဲ့တာကို ကောင်စီကအရေးမယူတဲ့အတွက် တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂက ဦးမောင်မောင်က ပြောဆို လိုက်ပါတယ်။

ဒီကနေ့ ဖေဖ်ာဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးမှာ ချားမင်းအထည်ချုပ်စက်ရုံက အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်တဲ့အကြောင်း စက်ရုံက အလုပ်သမားတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂတို့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ချားမင်းအထည်ချုပ်စက်ရုံမှာ အလုပ်သမားအင်အား ၁၀၀၀ ကျော်ရှိပြီး အလုပ်သမားတွေ လျော့ချခဲ့တာနဲ့ပါတ်သက်လို့ ခုံသမာဓီကောင်စီက တရားစွဲဆိုခွင့် မပြုထိုက်ကြောင်း ဆုံးဖြတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)