တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး နော်ဝေနိုင်ငံ သံအမတ် နှင့် တွေ့ဆုံ

0
315

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေး မှူး ဦးအင်ထုံးခါးနော်ဆမ်ဟာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်က နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ်(I-6) အစည်းအဝေးခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေဆုံရာမှာ ကော်မတီရဲ့ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတာဝန် တွေနဲ့ နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ကူညီဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲကို ကော်မတီအဖွဲ့ ဝင်တွေဖြစ်ကြတဲ့ ဦးလှထွန်းကျော်၊ ဒေါက်တာလှိုင်မြင့်ဟန်၊ ဦးပဲ့ဒူနဲ့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)