နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း တည်ငြိမ်စေရေး ဆွေးနွေး

0
327

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၂ နာရီက ရုံးအမှတ်(၂၆)စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းဝေးဟာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပခဲ့ကြတာပါ။

အဲဒီအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြတာပါ။

အစည်းဝေးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် AD လိုင်စင်ရ ဘဏ်တွေအပါအဝင် နိုင်ငံခြား ငွေလက်ဝယ်ကိုင်ဆောင်ခွင့်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာရေး ကြပ်မတ်ဆောင်ရွက်ဖို့ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပ Mobile Payment နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အောင်မြင်စေဖို့အတွက် ဘဏ်ကွန်ရက်ကျယ်ပြန့်တဲ့ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ Mobile Payment နဲ့ ငွေထုတ်၊ ငွေသွင်းတာတွေကို လက်ခံ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတွေနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရေး၊ Krung Thai Bank နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ Money Transfer Agreement ဆောင်ရွက်နိုင်တာဟာ ကောင်းမွန်ပြီး စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)