ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနှုန်း လျင်မြန်လာနေ

0
339

ကူးစက်မြန်ရောဂါတွေကြောင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေးတွေကို ဆိုးရွားစွာ အကျိုးသက်ရောက်စေတဲ့အပြင် အခုအခါမှာ ကူးစက်ရောဂါအသစ် တွေ ပြန်လည်ခေါင်းထောင်လာတဲ့ ကူးစက်မြန်ရောဂါတွေ ဖြစ်ပွားမှု အလျင်အမြန် ဖြစ်ပွားလာနေပြီး ယခင်က မဖြစ်ပွားဖူးတဲ့ ကာကွယ် ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် အကြောင်းကြားမှု၊ သတင်းပေးပို့မှု ကြန့်ကြာခြင်းတွေကြောင့် မကုန်ကျသင့်တဲ့ ကုန်ကျမှုတွေ ရှိနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာပြုလုပ်တဲ့ (Joint External Evaluation-JEE) လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် ကာကွယ်ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ဆောင် ရွက်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ နှီးနွှယ်ဌာနဆိုင်ရာတွေ ပြည်တွင်း ပြည်ပ မိတ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပြီး JEE ဆောင်ရွက်ရာ မှာ နှီးနွှယ်ဌာနတွေက ကျွမ်းကျင်သူတွေကို တိတိကျကျတာဝန်ပေးကာ သတ်မှတ် ပေးရမှာဖြစ်ပြီး အခုလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးမှူးတွေ၊ ကုသရေး ဦးစီးမှူးတွေရဲ့ အခန်း ကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ဝန်ကြီးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)