
0
278



……………….. ။ ။ ………………….

ရိုက်တာ သတင်းထောက် နှစ်ဦး ရုံးထုတ်မှာ သတင်းသမားတွေ ဆန္ဒထုတ်ဖော်မယ်

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို မနက်ဖြန် ဇန်နဝါရီ ၉ ရက်နေ့မှာ ရုံးထုတ်မှာ ဖြစ်ပြီး သတင်းသမားတွေက ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်ပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ (PCMJ) က ဦးဆောင်ပြီး ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ ရုံးထုတ်မှာ ဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို မနှစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၊ ဥရောပ သမဂ္ဂနဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့တို့က ရိုက်တာ သတင်းထောက်နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)