
0
391



…………………. ။ ။ ………………….

၂၀၁၇ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ ယာဉ်တိုက်၊ တိမ်းမှောက်မှု အများဆုံးဖြစ်

၂၀၁၇ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ ယာဉ်အမျိုးမျိုး တိုက်မိမှု၊ တိမ်းမှောက်မှု အများဆုံးဖြစ်ပြီး ၂၆၉၆ မှု ရှိပါတယ်။

ဒုတိယ အများဆုံးက ရန်ကုန်တိုင်း ဖြစ်ပြီး ၂၅၈၃ မှု ရှိကာ မန္တလေးတိုင်းကတော့ ၂၂၃၃ မှု ရှိပြီး တတိယအများဆုံး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်တိုက်၊ တိမ်းမှောက်မှု အမှုပေါင်း ၁၈၀ဝ၀ ကျော် ရှိပါတယ်။

ယာဉ်တိုက်၊ တိမ်းမှောက်မှုကြောင့် သေဆုံးသူ အများဆုံးက မန္တလေးတိုင်းမှာ ၇၈၉ ဦး၊ ရန်ကုန်တိုင်းမှာ ၅၉၃ ဦးနဲ့ ပဲခူးတိုင်းမှာ ၅၄၃ ဦးတို့ အသီးသီးဖြစ်ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၅၂၅၀ ဦး ဖြစ်တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)