
0
281



…………………. ။ ။ ………………….

မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး ထွက်စာတင်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးနေမျိုးကျော်နဲ့ ဝန်ကြီး ဦးစိုးမြင့်တို့ နှစ်ဦး တာဝန်ကနေ ထွက်စာတင်ထားပါတယ်။

တိုင်း အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်နဲ့ တိုင်း လယ်ယာစိုက်ပျိုးေ၇း၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့ နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ဦးနေမျိုးကျော် ဇန်နဝါရီ ၆ ရက်နေ့ စာပေဆွေးနွေးပွဲ ဖွင့်ပွဲမှာ အတည်ပြုပြောဆိုခဲ့ပြီး ဝန်ကြီး ဦးစိုးမြင့်ကတော့ ဇန်နဝါရီ ၈ ရက်နေ့မှာ နုတ်ထွက်စာ တင်ထားကြောင်း မီဒီယာတွေကို အတည်ပြုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)