NCA စာခ်ဳပ္ ခ်ဳပ္ဆိုေရး UNFC ေတာင္းဆိုခ်က္ ကိုးခ်က္ ေဆြးေႏြးမႈ ၁၇ လေက်ာ္ၾကာေန

0
257

ႏိုင္ငံေရးဆိုင္ရာ ညွိႏိႈင္းေဆြးေႏြးေရး ကိုယ္စားလွယ္ အဖြဲ႔ (DPN) ဟာ ၿငိမ္းခ်မ္းေရး ေကာင္စီ (PC) နဲ႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) စာခ်ဳပ္ လက္မွတ္ေရးထိုးေရးအတြက္ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) က ေတာင္းဆိုထားတဲ့ အခ်က္ ကိုးခ်က္ကို ညွိႏိႈင္းခဲ့တာ ၁၇ လေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

UNFC ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ (တိုးခ်ဲ႕) အစည္းအေဝးတစ္ရပ္ကို ဇန္နဝါရီ ၆ ရက္ကေန ၈ ရက္အထိ ထိုင္းႏို္င္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး NCA လက္မွတ္ေရးထိုးေရး ႏွစ္ဖက္ ေခါင္းေဆာင္ေတြ ေတြ႔ဆံုႏိုင္ဖို႔ UNFC က တျခားနည္းလမ္းေတြကို ဆက္လက္ ရွာေဖြ ႀကိဳးပမ္းမွာ ျဖစ္ပါတယ္။

ေတာင္းဆိုထားတဲ့ အခ်က္ကိုးခ်က္အနက္ က်န္ရွိေနတဲ့ အခ်က္ေတြကို ေက်ာ္လႊားႏိုင္ဖို႔ ႏွစ္ဖက္ ထိပ္သီး ေခါင္းေဆာင္ေတြ ေတြ႔ဆံုၿပီး အေျဖရွာဖို႔ UNFC က လိုလားေနပါတယ္။
……………….. ။ ။ …………………….

NCA စာချုပ် ချုပ်ဆိုရေး UNFC တောင်းဆိုချက် ကိုးချက် ဆွေးနွေးမှု ၁၇ လကျော်ကြာနေ

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ဟာ ငြိမ်းချမ်းရေး ကောင်စီ (PC) နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုထားတဲ့ အချက် ကိုးချက်ကို ညှိနှိုင်းခဲ့တာ ၁၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၆ ရက်ကနေ ၈ ရက်အထိ ထိုင်းနိ်ုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပြီး NCA လက်မှတ်ရေးထိုးရေး နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ UNFC က တခြားနည်းလမ်းတွေကို ဆက်လက် ရှာဖွေ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

တောင်းဆိုထားတဲ့ အချက်ကိုးချက်အနက် ကျန်ရှိနေတဲ့ အချက်တွေကို ကျော်လွှားနိုင်ဖို့ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံပြီး အဖြေရှာဖို့ UNFC က လိုလားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)