ARSA တိုက္ခိုက္မႈအေပၚ ႐ႈတ္ခ်ေၾကာင္း အေမရိကန္နဲ႔ ၿဗိတိန္ သံ႐ံုးေၾကညာ

0
274

ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ဇန္နဝါရီလ ၅ ရက္ေန႔က လံုၿခံဳေရးတပ္ဖြဲ႔ကို ARSA အၾကမ္းဖက္ အဖြဲ႔ တိုက္ခိုက္မႈကို ႐ႈတ္ခ်ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ံုးနဲ႔ ၿဗိတိသွ် သံ႐ံုးတို႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အဲဒီ တိုက္ခိုက္မႈမွာ ဒဏ္ရာရသြားၾကသူေတြ၊ သူတို႔ရဲ႕ မိသားစုဝင္ေတြနဲ႔ ထပ္တူ စိတ္မေကာင္း ျဖစ္မိေၾကာင္း၊ အၾကမ္းဖက္ လုပ္ရပ္ဟာ ရခိုင္ျပည္နယ္နဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးကို ပိုမိုအားနည္းေစမွာ ျဖစ္ေၾကာင္း အေမရိကန္ သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿဗိတိသွ် သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ရခုိင္ျပည္နယ္က အေျခအေနဟာ အၾကမ္းဖက္နည္းနဲ႔ တိုးတက္ေကာင္း မြန္ေအာင္ ေဆာင္ရြက္ ႏုိင္မွာ မဟုတ္ေၾကာင္း၊ ရခို္င္ျပည္နယ္ရွိ ေဒသခံ လူထုအားလုံးအတြက္ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို ေဆာင္ရြက္ေပးသြား ႏုိင္ပါရန္ အစိုးရနဲ႔ တပ္မေတာ္အား ပန္ၾကားေၾကာင္း ေဖာ္ျပထားပါတယ္။

ေတာင္ၿပိဳလက္ဝဲကေန ေမာင္ေတာၿမိဳ႕ကို ေဆး႐ံုတက္မယ့္ လူနာေတြ သယ္ေဆာင္လာတဲ့ ယာဥ္ကို ARSA အၾကမ္းဖက္သမား ၂၀ ခန္႔က လက္လုပ္မိုင္း၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ တိုက္ခုိက္ခဲ့တာေၾကာင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ႏွစ္ဦး၊ အရပ္သားတစ္ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။
…………………. ။ ။ ……………………

ARSA တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း အမေရိကန်နဲ့ ဗြိတိန် သံရုံးကြေညာ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ဇန်နဝါရီလ ၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ကို ARSA အကြမ်းဖက် အဖွဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးနဲ့ ဗြိတိသျှ သံရုံးတို့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားကြသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်မိကြောင်း၊ အကြမ်းဖက် လုပ်ရပ်ဟာ ရခိုင်ပြည်နယ်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပိုမိုအားနည်းစေမှာ ဖြစ်ကြောင်း အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိသျှ သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ အကြမ်းဖက်နည်းနဲ့ တိုးတက်ကောင်း မွန်အောင် ဆောင်ရွက် နိုင်မှာ မဟုတ်ကြောင်း၊ ရခိ်ုင်ပြည်နယ်ရှိ ဒေသခံ လူထုအားလုံးအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးသွား နိုင်ပါရန် အစိုးရနဲ့ တပ်မတော်အား ပန်ကြားကြောင်း ဖော်ပြထားပါတယ်။

တောင်ပြိုလက်ဝဲကနေ မောင်တောမြို့ကို ဆေးရုံတက်မယ့် လူနာတွေ သယ်ဆောင်လာတဲ့ ယာဉ်ကို ARSA အကြမ်းဖက်သမား ၂၀ ခန့်က လက်လုပ်မိုင်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး၊ အရပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)