အကြမ်းဖက် သောင်းကျန်းသူတွေထံမှ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ

0
337

တပ်မတော်စစ်ကြောင်းနဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက် သောင်းကျန်းသူတွေထံမှ ခဲယမ်းတွေနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

15941629_1049969275130086_1853447552_n

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းမှ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၇ ရက်နေ့မနက်
၈ နာရီ ၂၅ မိနစ်မှာ ဟိုနောင်ကျေးရွာရဲ့အရှေ့ဘက် ၁ မိုင်ခန့်အကွာကို အရောက်မှာ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်နဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာအကြမ်းဖက်သောင်းကျန်းသူတွေထံမှ အေကေ ၄၇ ကျည်အိမ် ၁ ခုနဲ့ကျည် ၃၀ တောင့်၊ ဗုံးသီး ၆ လုံး၊ ကျောပိုးအိတ် ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ ထည်၊ TNLA လည်စည်း ၁ ခု၊ ဆန်စလွယ် ၂ ခု၊ စောင်ထူ ၃ ထည်၊ အရပ်ဝတ် ၂ စုံ၊ ဘက်ထရီအိုး ၂ လုံး၊ ဒီတိုနေတာ ၁ ခုနှင့် ရေပုံး ၂ ပုံးတို့ကို တပ်မတေည်မှ သိမ်းဆည်းရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)