Daily Mail ရဲ့ သတင်းအမှားဖော်ပြချက်ကို အစိုးရ ဥပဒေကြောင်းအရလေ့လာပြီး တုံ့ပြန်သွားမယ်

0
302

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး Daily Mail သတင်းဌာနက သတင်းအမှားဖော်ပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဥပဒေကြောင်းအရဖြစ်စေ၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ ဖြစ်စေ လေ့လာနေပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

dailymail

ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနရဲ့ ဝက်ဘ်ဆိုက် dailymail.co.uk မှာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၆ ခွဲ အချိန်လောက်က ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး သတင်းအမှားတစ်ခု ဖော်ပြခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက အခုလို ထုတ်ပြန်လိုက်တာပါ။

dailymail2

Daily Mial သတင်းဌာနရဲ့ အဲဒီသတင်းအမှားမှာ ဘင်္ဂလီကလေးတစ်ဦးကို မြန်မာစစ်သားက ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး ငိုယိုနေတဲ့ ကလေးတစ်ဦးရဲ့ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းဟာ မှန်ကန်မှုမရှိဘဲ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ပွားတဲ့ ကိစ္စတစ်ခုလို့ မှတ်ချက်ဝင်ရောက်ရေးသားမှုတွေ ရှိခဲ့ပြီးနောက်မှာ Daily Mail သတင်းဝက်ဘ်ဆိုက်ကို သတင်းကို ပြန်ဖြုတ်ချခဲ့ပါတယ်။

Daily Mail အနေနဲ့ အဲဒီသတင်းနဲ့ပတ်သက်ပြီး အမှားပြင်ဆင်မှုတာ တာဝန်ယူ၊ တာဝန်ခံတာမျိုးမရှိခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းအမှား ဆင့်ပွားမှုတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)