ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် မျှော်လင့်

0
306

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတွက် မှန်ကန်တဲ့သတင်းအချက်အလက် ရရှိရေးအတွက် ရခိုင်ပြည်နယ်ဒေသခံတွေက ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

15285014_1163616170352784_5617138363952232491_n

အဲဒီထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၈ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး သက်ဆိုင်ရာ အမျိုးသားအဆင့်နဲ့ ဒေသန္တရအဆင့် အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေတာပါ။ ဒီလိုဆောင်ရွက်တာဟာ နောင်နောင်မှာ အခုလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေဖို့ လုပ်ဆောင်သွားရမယ့် နည်းလမ်းတွေကို ဖော်ထုတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတာဝန်ကို ထမ်းဆောင်ရာမှာ ကော်မတီဝင်တွေအနေနဲ့ နိုင်ငံနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ပွင့်လင်းမျှတစွာ ထမ်းဆောင်သွားကြမှာဖြစ်ပြီး အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အရောက် တင်ပြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)