ရခိုင်ပြည်နယ်ကိစ္စ မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

0
299

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ တုန့်ပြန်ချက်တွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှ ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်ပါတယ်။

15380281_1163616190352782_8721040038852898921_n

ဒီဇင်ဘာလ ၈ ရက် ဒီကနေ့မှာ နေပြည်တော်ရှိ ပြည်ထောင်စုအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ အခုလိုပြောကြားလိုက်တာပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူထုနဲ့ နိုင်ငံတကာက စိတ်ဝင်စားစွာ စောင့်ကြည့်နေတာကြောင့် မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ ဦးမြင့်ဆွေက ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အရောက် တင်ပြရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အောက်တိုဘာ ၉ ရက်မှ ယနေ့အထိ ကျဆုံးတပ်မတော်သား ၇ ဦး၊ ကျဆုံးရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒဏ်ရာရ တပ်မတော်သား ၃ ဦး၊ ဒဏ်ရာရရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အရပ်သား ၁ ဦး၊ တပ်မတော်မှ လက်နက် ၂ လက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်နက် ၃၉ လက် ဆုံးရှုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)