ဥပဒေမဲ့ လက်နက် ကိုင်ဆောင်မှုတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်

0
262

ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့ ဆောင်ရွက်နေ တယ်လို့ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်ပါတယ်။

15328245_1024843900975957_154175767_n

ဒီဇင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်က နိုင်ငံအတွင်း ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် မှုခင်းကြိုတင်ကာကွယ်ရေး ဘယ်လိုစီမံဆောင်ရွက်ထားသည်ကို သိလိုတဲ့မေးခွန်းအပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ ၁၈၉၉ ခုနှစ် ရန်ကုန်ရဲ အက်ဥပဒေနဲ့ ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေတွေကို တစ်နိုင်ငံလုံး အာဏာသက်ရောက်တဲ့ ဥပဒေတစ်မျိုး တည်းဖြစ်စေဖို့နဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီစေဖို့ တစ်ပေါင်းတည်းပြန်လည်ပြင်ဆင်ရေး ဆွဲနေပြီး လက်နက်တွေကို ဥပဒေမဲ့ ကိုင်ဆောင်သွားလာတာတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက ဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ်တွေ တိုးမြှင့်ချမှတ်နိုင်ဖို့ ပြင်ဆင်ရေးဆွဲ နေတယ်လို့ ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)