အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုနဲ့ ကိုဖီအာနန် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

0
292

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုဖီအာနန်နဲ့တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

SINGAPORE INDONESIA DIPLOMACY

ဂျိုကိုဝီဒိုဒိုဟာ ကိုဖီအာနန်ကို ဘာလီမှာရှိတဲ့ Nusa Dua ဟိုတယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ဆုံခဲ့တာပါ။

“ကိုဖီအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ပဋိပက္ခတော်တော်များများကို ဆွေးနွေးဖို့ သူနဲ့တွေ့ခဲ့တာပါ”လို့ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေကို လူသားချင်းစာနာထောက်တားမှုအကူအညီအဖြစ် အစားအသောက်နဲ့ ခြုံစောင်တွေပို့ တတ်နိုင်သလောက် ပို့ပေးဖို့ ဝန်ကြီးတွေကို မှာကြားထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ဘာလီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာလုပ်တဲ့ ဘာလီဒီမိုကရေစီဖိုရမ်ကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး အဲဒီဖိုရမ်မတိုင်မီမှာ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ကိုဖီအာနန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌရာထူးကို လက်ခံခဲ့ပြီး ရခိုင်ပြည်နယ်ကို နှစ်ကြိမ်သွားရောက်စစ်ဆေးပြီးပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)