KIA/TNLA/MNDAA/AA လက်နက်ကိုင်အဖွဲ့တွေနောက် ထပ်ချပ်မကွာ လိုက်ချေမှုန်းဖို့ ကာချုပ်ပြော

0
293

KIA/TNLA/MNDAA/AA လက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့နောက်ကို ထပ်ချပ်မကွာ လိုက်လံပြီး အမြစ်ဖြတ်ချေမှုန်းဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

15401300_1024801657646848_1823441671_n

ဒီဇင်ဘာလ ၇ ရက်နေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို လုံခြုံမှု အပြည့်အ၀ရှိအောင် အမြန်ဆုံးဆောင်ရွက်ရန်၊ ကားလမ်းပေါ်မှာအရပ်ဝတ်နဲ့ အရပ်သားအသွင်ယူပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊ နှောင့် ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ တံတားတွေကို ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်နေတဲ့သူတွေကို နယ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေ၊ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး သတင်းဖော်ထုတ်ရှင်းလင်းရေး၊ ရန်သူ့သတင်းလက်ဦးမှုရရှိရေး၊ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး တာဝန်တွေကို စစ်ရေးသတိနဲ့ စနစ်တကျ လုပ်ဆောင်ရေးတို့ကို မှာကြားခဲ့ပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ အိမ်ခြေ ၄၄၂၁ လုံးရှိပြီး လူဦးရေ ၂၄၂၇၃ ဦး ၊ တရုတ်လူမျိုး ၅၄ ရာခိုင်နှုန်းကျော်၊ ကချင်လူမျိုး ၂၈ ရာခိုင်နှုန်းကျော်၊ ပလောင်လူမျိုး ၂ ရာခိုင်နှုန်းကျော်၊ လီဆူးလူမျိုး ၅ ရာခိုင်နှုန်းကျော်နဲ့ ကိုးကန့်လူမျိုး၊ လီရှောလူမျိုး၊ မုံးဝန်းလူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုး၊ ၀ လူမျိုးတွေ အနည်းငယ် နေထိုင်ကြပြီး ဟေမိုးလုံကျေးရွာမှာ အိမ်ခြေ ၁၈၀ လုံး၊ လူဦးရေ ၁၄၀၀ ကျော်နေထိုင်ကာ တရုတ်လူမျိုးတွေဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)