နိုင်ငံအတွက် တိုက်ပွဲဝင်ကြဖို့ မြန်မာ့လက်ရွေးစင် အသင်းကို ဦးဇော်ဇော် မှာကြား

0
298

၂၀၁၆ ဆူဇူးကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ကစားသမားတွေကို နိုင်ငံအတွက် တိုက်ပွဲဝင်ကြဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

15403258_1023216784472002_1557285086_n

ဒီဇင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်မှာ တွေ့ဆုံပြီး အခုလိုမှာကြား ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမိနစ်အထိ ခရာမမှုတ်မခြင်း တိုက်ပွဲဝင်ရန်နဲ့ တစ်စက်ကလေးမှ အလျှော့မပေးဘဲ သွေးထွက်ထွက် ချွေးထွက်ထွက် ကစားကြဖို့ မှာကြား လိုက်တာပါ။

ကြိုးစားကြဖို့သာအဓိကဖြစ်ပြီး ပွဲရလဒ် ဘယ်လိုပင်ဖြစ်ဖြစ် လက်ခံကြောင်းနနဲ့ အကောင်းဆုံးကိုသာ လုပ်ဆောင်ကြဖို့ မှာကြားခဲ့တာ
ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)