ဘာသာပေါင်းစုံ ဆွေးနွေးပွဲပြုလုပ်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

0
285

ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုအယ်လ်ပီမာဆူဒီက တိုက်တွန်းခဲ့ပါတယ်။

indonesia

ရက်နိုအယ်လ်ပီမာဆူဒီဟာ ရခိုင်ပြည်နယ်အရေးဆွေးနွေးဖို့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံကို ရောက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

“အနာဂတ်မှာ ကျွန်မတို့ လုပ်ဆောင်ချင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေကနေတစ်ဆင့် လုပ်ချင်တာပါ။ မြန်မာဟာ မတူကွဲပြားမှုတွေ အလွန်များတဲ့ လူ့အဖွဲ့အစည်းဖြစ်သလို ကျွန်မတို့ အင်ဒိုနီးရှားကလည်း အဲဒီအတိုင်းပါပဲ”လို့ ရက်နိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ခရီးစဉ်အတွင်းမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံပြီး ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ဆောင်ရွက်ရာမှာ အင်ဒိုနီးရှားရဲ့ပါဝင်တဲ့အခန်းကဏ္ဍကိုလည်း အထူးအသိအမှတ်ပြုတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)