News Watch ဂျာနယ်ကို Central Base Productions က ကန့်ကွက်ရှုတ်ချ

0
71

Unicode Version

အပတ်စဉ် ထုတ်ဝေနေတဲ့ ပြည်တွင်း သတင်းဂျာနယ် News Watch စောင့်ကြည့် သတင်းဂျာနယ်ကို Central Base Productions က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

News Watch စောင့်ကြည့် သတင်းဂျာနယ်မှာ Central Base Productions က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ဇာတ်လမ်းကို ရုံတင်ပြသနေစဉ် အချိန်အတွင်းမှာ ဇာတ်ကွက်တစ်ခုမကျန် ဂျာနယ်ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့အပြင် ဂျာနယ်မှာပါ ပုံနှိပ်ဖော်ပြ ရေးသားခဲ့တာကြောင့် Central Base Productions က ကန့်ကွက် ရှုတ်ချလိုက်တာပါ။

အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ World Premiere ပွဲမှာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်ကားပေါ်လွင်အောင် မဖော်ပြဖို့ သတင်းမီဒီယာသမားတွေ ရှေ့မှောက်မှာ မေတ္တာရပ်ခံခဲ့ပေမယ့် News Watch Weekly စောင့်ကြည့် သတင်းဂျာနယ်က ရေးသားဖော်ပြခဲ့တာကြောင့် သတင်းမီဒီယာတွေရဲ့ စောင့်စည်းအပ်တဲ့ ကျင့်ဝတ်တွေ ပျက်ကွက်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့တာပါ။

Zawgyi Version

News Watch ဂျာနယ်ကို Central Base Productions က ကန့်ကွက်ရှုတ်ချ

အပတ်စဉ် ထုတ်ဝေနေတဲ့ ပြည်တွင်း သတင်းဂျာနယ် News Watch စောင့်ကြည့် သတင်းဂျာနယ်ကို Central Base Productions က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
News Watch စောင့်ကြည့် သတင်းဂျာနယ်မှာ Central Base

Productionsက ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ဇာတ်လမ်းကို ရုံတင်ပြသနေစဉ် အချိန်အတွင်းမှာ ဇာတ်ကွက်တစ်ခုမကျန် ဂျာနယ်ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့အပြင် ဂျာနယ်မှာပါ ပုံနှိပ်ဖော်ပြ ရေးသားခဲ့တာကြောင့် Central Base Productions က ကန့်ကွက် ရှုတ်ချလိုက်တာပါ။