အင်တာနက် လွတ်လပ်ခွင့် ချိုးဖောက်မှု မြန်မာက အဆင့် ၄၇ မှာ ရှိ

0
41

Unicode Version

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် အခြေစိုက် Freedom House အဖွဲ့က အင်တာနက် လွတ်လပ်ခွင့် ချိုးဖောက်မှု အစီရင်ခံစာဖြစ်တဲ့ Freedom on the Net 2019: The Crisis of Social Media ကို ထုတ်ပြန်လိုက်ရာမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၄၇ မှာ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လကနေ ၂၀၁၉ ခုနှစ်၊ မေလအထိ နိုင်ငံပေါင်း ၆၅ နိုင်ငံကို လေ့လာခဲ့တာဖြစ်ပြီး အင်တာနက် သုံးခွင့်ရဖို့ အတားအဆီး၊ အကြောင်းအရာ ကန့်သတ်မှု၊ သုံးစွဲသူရဲက အခွင့်အရေးကို ချိုးဖောက်မှု စံတွေနဲ့ တစ်နိုင်ငံချင်းကို အကဲခတ်တာဖြစ်ပြီး လွတ်လပ်မှု အနည်းဆုံးက သုည ဖြစ်တာ အလွတ်လပ်ဆုံးက ရမှတ် ၁၀ဝ ဖြစ်ပါတယ်။

အကဲဖြတ်ချက်အရ အင်တာနက် လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံက ရမှတ် ၉၅ နဲ့ အိုက်စလန်ဖြစ်ပြီး ချိုးဖောက်မှု အဆိုးဆုံးနိုင်ငံက ရမှတ် ၁၀ နဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်က ရမှတ် ၂၄ နဲ့ အဆင့် ၆၁၊ မြန်မာနိုင်ငံက ရမှတ် ၃၆ နဲ့ အဆင့် ၄၇ နဲ့ “မလွတ်လပ်” လို့ သတ်မှတ်ပြီး ကမ္ဘောဒီးယားက ရမှတ် ၄၃ နဲ့ အဆင့် ၄၂ မှာ ရှိနေတာ “တစ်စိတ်တစ်ပိုင်း လွတ်လပ်” တယ်လို့ သတ်မှတ်ထားပါတယ်။

Zawgyi Version

အင်တာနက် လွတ်လပ်ခွင့် ချိုးဖောက်မှု မြန်မာက အဆင့် ၄၇ မှာ ရှိ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် အခြေစိုက် Freedom House အဖွဲ့က အင်တာနက် လွတ်လပ်ခွင့် ချိုးဖောက်မှု အစီရင်ခံစာဖြစ်တဲ့ Freedom on the Net 2019: The Crisis of Social Media ကို ထုတ်ပြန်လိုက်ရာမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၄၇ မှာ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လကနေ ၂၀၁၉ ခုနှစ်၊ မေလအထိ နိုင်ငံပေါင်း ၆၅ နိုင်ငံကို လေ့လာခဲ့တာဖြစ်ပြီး အင်တာနက် သုံးခွင့်ရဖို့ အတားအဆီး၊ အကြောင်းအရာ ကန့်သတ်မှု၊ သုံးစွဲသူရဲက အခွင့်အရေးကို ချိုးဖောက်မှု စံတွေနဲ့ တစ်နိုင်ငံချင်းကို အကဲခတ်တာဖြစ်ပြီး လွတ်လပ်မှု အနည်းဆုံးက သုည ဖြစ်တာ အလွတ်လပ်ဆုံးက ရမှတ် ၁၀၀ ဖြစ်ပါတယ်။

အကဲဖြတ်ချက်အရ အင်တာနက် လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံက ရမှတ် ၉၅ နဲ့ အိုက်စလန်ဖြစ်ပြီး ချိုးဖောက်မှု အဆိုးဆုံးနိုင်ငံက ရမှတ် ၁၀ နဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်က ရမှတ် ၂၄ နဲ့ အဆင့် ၆၁၊ မြန်မာနိုင်ငံက ရမှတ် ၃၆ နဲ့ အဆင့် ၄၇ နဲ့ “မလွတ်လပ်” လို့ သတ်မှတ်ပြီး ကမ္ဘောဒီးယားက ရမှတ် ၄၃ နဲ့ အဆင့် ၄၂ မှာ ရှိနေတာ “တစ်စိတ်တစ်ပိုင်း လွတ်လပ်” တယ်လို့ သတ်မှတ်ထားပါတယ်။။