အခြေခံပညာကျောင်းတွေမှာ သက်မွေးပညာ သင်ကြားပေးဖို့ လို (ရုပ်/သံ)

0
1143








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခြေခံပညာကျောင်းတွေမှာ သက်မွေးပညာ သင်ကြားပေးဖို့ လို

အခြေခံပညာကျောင်းတွေမှာ သက်မွေးပညာအနေနဲ့ ချည်ထိုး၊ ပန်းထိုး ပညာရပ်တွေကို သင်ကြားပေးဖို့ လိုတယ်လို့ လူငယ် ဖက်ရှင်ဒီဇိုင်နာ မသက်စုမြင့်လွင်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

၂၀၁၆ ခုနှစ် မေလကနေ သြဂုတ်လအထိ ပညာရေးဝန်ကြီးဌာနရဲ့ ရက်တစ်ရာစီမံချက် ၈ ခုထဲက သက်မွေးပညာရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ လေ့လာသုံးသပ်မှုတွေပြုလုပ်ပြီး စီမံကိန်းချမှတ်ရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အဲဒါကြောင့် အခြေခံပညာကျောင်းတွေမှာ သက်မွေးပညာအနေနဲ့ ချည်ထိုး၊ ပန်းထိုး ပညာရပ်တွေကို ထည့်သွင်း သင်ကြားပေးဖို့ လိုတယ်လို့ လူငယ် ဖက်ရှင်ဒီဇိုင်နာ မသက်စုမြင့်လွင်က ပြောပါတယ်။

Soundbite မသက်စုမြင့်လွင် (ဖက်ရှင်ဒီဇိုင်နာ) Style in my Soul

အဲဒီလို သက်မွေး အခြေခံပညာတွေကို သင်ကြားပေးပါက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ပြည်ပက ပညာရေးကျောင်းတွေလို အချိန်ပိုင်း အလုပ်တွေ လုပ်ကိုင်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။

Soundbite မသက်စုမြင့်လွင် (ဖက်ရှင်ဒီဇိုင်နာ) Style in my Soul

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာကျောင်း အထက်တန်းကတဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ကြားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)