ျမန္မာျပည္က လက္မခံတဲ့ ႐ိုဟင္ဂ်ာ အသံုးအႏႈန္းကို မသံုးဖို႔ ပုပ္ရဟန္းမင္းႀကီးကို တိုက္တြန္း

0
396

ျမန္မာျပည္မွာ တပ္မေတာ္၊ အစိုးရနဲ႔ ျပည္သူေတြပါ လက္မခံတဲ့အတြက္ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ပုပ္ရဟန္း မင္းႀကီး ဖရန္စစ္အေနနဲ႔ ေရွာင္က်ဥ္ဖို႔ ရန္ကုန္ ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ ရဟန္းအမတ္ ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုက အႀကံျပဳထားပါတယ္။

သူတို႔ (ဒုကၡသည္) ေတြဟာ အကူအညီလိုအပ္ေနတဲ့ လူသားေတြျဖစ္ၿပီး လူသားဂုဏ္သိကၡာရွိဖို႔ လိုအပ္ၾကေၾကာင္း၊ သူတို႔ အကူအညီလိုအပ္ေၾကာင္းကို ပုပ္ရဟန္းမင္းႀကီးအေနနဲ႔ ထုတ္ေဖာ္ ေျပာဆိုေစလိုေၾကာင္းလည္း ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုက ေျပာပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းဟာ ျမန္မာႏိုင္ငံမွာ အကဲဆတ္တဲ့အတြက္ ျမန္မာအစိုးရနဲ႔ တပ္မေတာ္က ‘႐ိုဟင္ဂ်ာ’ အစား ‘ဘဂၤါလီ’ လို႔ သံုးႏႈန္းေၾကာင္း၊ ပုပ္ရဟန္းမင္းႀကီးရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လူနည္းစုအေပၚ အေလးထားေရး သတင္းစကားပါးရာမွာ ‘႐ိုဟင္ဂ်ာ’ လို႔ မသံုးႏႈန္းဖို႔ ျမန္မာ ခရစ္ယာန္ ဘုန္းႀကီးမ်ားက ေတာင္းဆိုလိုေၾကာင္းလည္း ေမာ္လၿမိဳင္ ကက္သလစ္ ဦးေဆာင္ဆရာေတာ္ ဘုန္းေတာ္ႀကီး ေရမြန္ ေစာပိုေရးက ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ေျပာခဲ့ပါေသးတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ႏိုဝင္ဘာ ၂၇ ကေန ၃၀ အထိ ျမန္မာႏိုင္ငံကို လာေရာက္မွာ ျဖစ္ပါတယ္။
……………………. ။ ။ ……………………

မြန်မာပြည်က လက်မခံတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို မသုံးဖို့ ပုပ်ရဟန်းမင်းကြီးကို တိုက်တွန်း

မြန်မာပြည်မှာ တပ်မတော်၊ အစိုးရနဲ့ ပြည်သူတွေပါ လက်မခံတဲ့အတွက် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အနေနဲ့ ရှောင်ကျဉ်ဖို့ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘိုက အကြံပြုထားပါတယ်။

သူတို့ (ဒုက္ခသည်) တွေဟာ အကူအညီလိုအပ်နေတဲ့ လူသားတွေဖြစ်ပြီး လူသားဂုဏ်သိက္ခာရှိဖို့ လိုအပ်ကြကြောင်း၊ သူတို့ အကူအညီလိုအပ်ကြောင်းကို ပုပ်ရဟန်းမင်းကြီးအနေနဲ့ ထုတ်ဖော် ပြောဆိုစေလိုကြောင်းလည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံမှာ အကဲဆတ်တဲ့အတွက် မြန်မာအစိုးရနဲ့ တပ်မတော်က ‘ရိုဟင်ဂျာ’ အစား ‘ဘင်္ဂါလီ’ လို့ သုံးနှုန်းကြောင်း၊ ပုပ်ရဟန်းမင်းကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ လူနည်းစုအပေါ် အလေးထားရေး သတင်းစကားပါးရာမှာ ‘ရိုဟင်ဂျာ’ လို့ မသုံးနှုန်းဖို့ မြန်မာ ခရစ်ယာန် ဘုန်းကြီးများက တောင်းဆိုလိုကြောင်းလည်း မော်လမြိုင် ကက်သလစ် ဦးဆောင်ဆရာတော် ဘုန်းတော်ကြီး ရေမွန် စောပိုရေးက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြောခဲ့ပါသေးတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ကနေ ၃၀ အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)