လိုခ်င္တဲ့ အေျခအေနကို ဆုေတာင္းေနယံုနဲ႔ မရဟု ႀကံ့ခိုင္ေရးပါတီ ေျပာၿပီ

0
343

လိုခ်င္တဲ့ အေျခအေနတစ္ရပ္ကို ဆုေတာင္းေနယံုနဲ႔ ရတာ မဟုတ္ဘူးလို႔ ႀကံ့ခုိင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၈ ရက္ေန႔က တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္က ပါတီ၀င္ေတြနဲ႔ ေတြ႔ဆံုစဥ္ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ဦးသန္းေဌးက အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

လက္ရွိအေျခအေနမွာဆိုရင္ ရခိုင္ျပည္အတြင္း အစြန္းေရာက္ အၾကမ္းဖက္သမားေတြရဲ႕ တိုက္ခိုက္သတ္ျဖတ္မႈေတြေၾကာင့္ ေဒသခံေတြ ရာနဲ႔ခ်ီ ေသဆံုးခဲ့ရၿပီး အမ်ားအျပားလည္း ေနရပ္စြန္႔ခြာထြက္ေျပးခဲ့ရတဲ့အေပၚ အျမန္ဆံုး ၿငိမ္းခ်မ္းဖို႔ ရန္ကုန္ၿမိဳ႕အပါအ၀င္ ၿမိဳ႕ႀကီးေတြမွာ ဘာသာေပါင္းစံု ၀တ္ျပဳဆုေတာင္းပြဲေတြ ျပဳေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနတာပါ။

ဒါ့အျပင္ ဦးသန္းေဌးက အဲ့ဒီမိန္႔ခြန္းမွာပဲ တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရး သီခ်င္းေတြ သီဆိုေနတာနဲ႔တင္ ၿငိမ္းခ်မ္းေရးဆိုတာ ရရွိလာမွာ မဟုတ္ဘူးလို႔လည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
………………….. ။ ။ ……………………..

လိုချင်တဲ့ အခြေအနေကို ဆုတောင်းနေယုံနဲ့ မရဟု ကြံ့ခိုင်ရေးပါတီပြောပြီ

လိုချင်တဲ့ အခြေအနေတစ်ရပ်ကို ဆုတောင်းနေယုံနဲ့ ရတာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ဦးသန်းဌေးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာဆိုရင် ရခိုင်ပြည်အတွင်း အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ဒေသခံတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး အများအပြားလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့အပေါ် အမြန်ဆုံး ငြိမ်းချမ်းဖို့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲတွေ ပြုနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

ဒါ့အပြင် ဦးသန်းဌေးက အဲ့ဒီမိန့်ခွန်းမှာပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး သီချင်းတွေ သီဆိုနေတာနဲ့တင် ငြိမ်းချမ်းရေးဆိုတာ ရရှိလာမှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)