
0
387




………………….. ။ ။ ……………………

ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC-DPN တို့ ၇ ကြိမ်မြောက် တရားဝင် ဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ သတ္တမအကြိမ်မြောက်အဖြစ် တရားဝင်ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ NRPC ရုံးမှာ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီ တရားဝင် ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၇ ဦး၊ ဆရာတော် မက်သရူးအေး ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC (U) က ကိုယ်စားလှယ် ၃ ဦး UNFC (DPN) က ခူးဦးရယ် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၂ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၉ ဦးတို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)