
0
288



…………………….. ။ ။ ……………………..

သံအမတ်ကြီး ၃ ဦးကို ပြောင်းရွှေ့တာဝန် ပေးအပ်
သံအမတ်ကြီး ၃ ဦးကို ပြောင်းရွှေ့တာဝန် ပေးအပ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမိုးကျော်အောင်ကို အိန္ဒိယ နိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ်ပြောင်းရွှေ့ ခန့်အပ်တာပါ။

ဒါ့အပြင် အီဂျစ်အာရပ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်လွင်ကို လက်ရှိ တာဝန်တွေအပြင် အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် လိုက်တာပါ။

အလားတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးတင့်ကို ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)