0
358
…………………. ။ ။ …………………
ပုသိမ်ရေပေါ်ဈေး ဆိုင်ခန်းမဲနှိုက်မယ့် အစီအစဉ်ပျက်
ပုသိမ်မြို့ကမ်းနားလမ်း ရေပေါ်ဈေးသူဈေးသားတွေရဲ့ ဆန္ဒပြမှုကြောင့် ပုသိမ်မြို့စည်ပင်ကော်မတီက ဈေးဆိုင်ခန်းတွေကိုပြန်လည်မဲနှိုက်မယ့် အစီအစဉ် ဖျက်သိမ်းလိုက်ရပါတယ်။
ပုသိမ်မြို့ရဲ့ လူစည်ကားရာ ရေပေါ်ဈေးနေရာကဈေးဆိုင်ခန်းတွေကို စည်ပင်ကော်မတီက မဲပြန်နှိုက်ဖို့စီစဉ် ခဲ့တာဖြစ်ပြီး ဈေးသည်တွေရဲ့ ဆန္ဒထုတ်ဖော်မှုကြောင့် ဈေးဆိုင်ခန်းတွေမဲနှိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်တာပါ။
ဈေးသည်တွေရဲ့ ဆန္ဒမဲကိုကောက်ခံရာမှာ မဲပြနှိ်ုက်လိုတဲ့ ဈေးသည် ၃၉ ဦးသာရှိပြီး ၁၀၉ ဦးကတော့ မဲမနှိုက်လိုတာကြောင့် အများသဘောဆန္ဒအရ မဲနှိုက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ပုသိမ် ရေပေါ်ဈေးက ဈးဆိုင်ခန်း ၁၄၈ ခန်းကို ၂၀၁၅ ခုနှစ်က မဲစနစ်နဲ့ နေရာချထားပေးခဲ့တာဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)