ျမန္မာ့႐ုပ္ရွင္ေလာက ျပဳျပင္ေျပာင္းလဲသင့္တဲ့ အႀကံျပဳခ်က္ေတြ ေတာင္းခံ

0
339

ျမန္မာ့ရုပ္ရွင္ေလာက ျပဳျပင္ေျပာင္းလဲသင့္တဲ့ အႀကံျပဳခ်က္ေတြကို ေပးအပ္ၾကဖို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအရံုးက အစည္းအရံုး၀င္ေတြကို ႏႈိးေဆာ္လိုက္ပါတယ္။

ရုပ္ရွင္အစည္းအရံုးရဲ႕ သင္းလံုးကြၽတ္ ညီလာခံကို ဒီဇင္ဘာလ ၁၂ ရက္ေန႔ အမ်ိဳးသားကဇာတ္႐ံုမွာ က်င္းပဖို႔ ရွိေနတာေၾကာင့္ ေဆြးေႏြးႏိုင္ဖို႔အတြက္ အဲ့ဒီလို ေတာင္းခံလိုက္တာပါ။

ဒါေၾကာင့္ ရုပ္ရွည္အစည္းအရံုး၀င္ေတြနဲ႔အေနနဲ႔ အေျခခံအလႊာေတြ အလိုက္ ျပဳျပင္ေျပာင္းလဲသင့္တဲ့ အႀကံျပဳခ်က္ေတြကို ဒီဇင္ဘာလ ၇ ရက္ေန႔ ေနာက္ဆံုးထားၿပီး ေပးပို႔ၾကဖို႔ကိုလည္း တုိက္တြန္းထားပါတယ္။
…………………. ။ ။ …………………..

မြန်မာ့ရုပ်ရှင်လောက ပြုပြင်ပြောင်းလဲသင့်တဲ့ အကြံပြုချက်တွေတောင်းခံ

မြန်မာ့ရုပ်ရှင်လောက ပြုပြင်ပြောင်းလဲသင့်တဲ့ အကြံပြုချက်တွေကို ပေးအပ်ကြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အစည်းအရုံးဝင်တွေကို နှိုးဆော်လိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ သင်းလုံးကျွတ် ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပဖို့ ရှိနေတာကြောင့် ဆွေးနွေးနိုင်ဖို့အတွက် အဲ့ဒီလို တောင်းခံလိုက်တာပါ။

ဒါကြောင့် ရုပ်ရှည်အစည်းအရုံးဝင်တွေနဲ့အနေနဲ့ အခြေခံအလွှာတွေ အလိုက် ပြုပြင်ပြောင်းလဲသင့်တဲ့ အကြံပြုချက်တွေကို ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)