ရန္ကုန္မွာ ကမၻာ့ဒႆနေန႔ အခမ္းအနားေတြ က်င္းပမယ္

0
355

လာမယ့္ ႏို၀င္ဘာလ ၁၆ ရက္ေန႔မွာ က်ေရာက္မယ့္ ကမၻာ့ဒႆနေန႔အခမ္းအနားေတြကို ရန္ကုန္ ၿမိဳ႕မွာ က်င္းပဖို႔ရွိေနပါတယ္။

 တကၠသိုလ္၊ ဒီဂရီေကာလိပ္အသီးသီးက ဒႆနိကေဗဒဌာနေတြနဲ႔ ဒႆနိက ေဗဒအသင္း (ျမန္မာႏိုင္ငံ) က ဦးေဆာင္တဲ့ စတုထၳအႀကိမ္ေျမာက္ ကမၻာ့ဒႆနေန႔အခမ္းအနားကို  ႏို၀င္ဘာလ ၁၆ ရက္ေန႔မွာ ရန္ကုန္ၿမို႕ M3 စားေသာက္ဆုိင္မွာ က်င္းပဖို႔ ရွိေနတာပါ။

အဲ့ဒီအခမ္းအနားမွာေတာ့ ပါေမာကၡဆရာမႀကီး ေဒါက္တာေဒၚၾကည္ၾကည္လွနဲ႔အတူ ဆရာေမာင္ၾကည္သစ္နဲ႔ ဆရာခ်စ္ဦးညိဳတို႔က ေဟာေျပာဖို႔ရွိေနတာပါ။

အလားတူ ဒႆနစာေပနယ္က စာေပေလာကသားေတြကလည္း အဲ့ဒီေန႔မွာပဲ စာေပဗိမာန္ခန္းမမွာ  ကမၻာ့ဒႆနေန႔အခမ္းအနားကို က်င္းပဖို႔ ရွိေနတာပါ။

အဲ့ဒီအခမ္းအနားမွေတာ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္၊ စာေရးဆရာ ေမာင္ေမာင္ေဇယ်နဲ႔ စာေရးဆရာ မင္းခိုက္စိုးစံတို႔က ေဟာေျပာေဆြးေႏြးမႈေတြကို ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မှာ ကမ္ဘာ့ဒဿနနေ့ အခမ်းအနားတွေ ကျင်းပမယ်

လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒဿနနေ့အခမ်းအနားတွေကို ရန်ကုန် မြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးက ဒဿနိကဗေဒဌာနတွေနဲ့ ဒဿနိက ဗေဒအသင်း (မြန်မာနိုင်ငံ) က ဦးဆောင်တဲ့ စတုထ္ထအကြိမ်မြောက် ကမ္ဘာ့ဒဿနနေ့အခမ်းအနားကို  နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ကျင်းပဖို့ ရှိနေတာပါ။

အဲ့ဒီအခမ်းအနားမှာတော့ ပါမောက္ခဆရာမကြီး ဒေါက်တာဒေါ်ကြည်ကြည်လှနဲ့အတူ ဆရာမောင်ကြည်သစ်နဲ့ ဆရာချစ်ဦးညိုတို့က ဟောပြောဖို့ရှိနေတာပါ။

အလားတူ ဒဿနစာပေနယ်က စာပေလောကသားတွေကလည်း အဲ့ဒီနေ့မှာပဲ စာပေဗိမာန်ခန်းမမှာ  ကမ္ဘာ့ဒဿနနေ့အခမ်းအနားကို ကျင်းပဖို့ ရှိနေတာပါ။

အဲ့ဒီအခမ်းအနားမှတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ စာရေးဆရာ မောင်မောင်ဇေယျနဲ့ စာရေးဆရာ မင်းခိုက်စိုးစံတို့က ဟောပြောဆွေးနွေးမှုတွေကို ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)