
0
366





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စင်္ကာပူ ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစေရေး ဆွေးနွေး

မြန်မာ-စင်္ကာပူနှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစေရေး ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး Mr. Robert Chua တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီလိုဆွေးနွေးရာမှာတော့ နှစ်နိုင်ငံအကြား အပည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ဆိုင်ရာကိစ္စတွေအပြင် အလုပ်သမားဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ကျွမ်းကျင်လုပ်သားတွေ စေလွှတ်နိုင်ရေး၊ နှစ်နိုင်ငံ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)