ထိုင္းပင္လယ္ေကြ႔က ေလဖိအားနည္းရပ္၀န္း ၂၄ နာရီအတြင္း ျမန္မာႏိုင္ငံကို ျဖတ္မယ္

0
479

ထိုင္းပင္လယ္ေကြ႔က ေလဖိအားနည္းရပ္၀န္းဟာ ၂၄ နာရီအတြင္း ျမန္မာႏိုင္ငံကို ျဖတ္ေက်ာ္ၿပီး ကပၸလီပင္လယ္ျပင္ကို ေရာက္ရွိမယ္လို႔ မိုေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမွဳ ဦးစီးဌာနက သတင္းထုတ္ ျပန္ထားပါတယ္။

ႏို၀င္ဘာလ ၇ ရက္ ျမန္မာစံေတာ္ခ်ိန္ ၆ နာရီခြဲအခ်ိန္ တိုင္းထြာရရွိခ်က္ေတြအရ အဲ့ဒီလို ထုတ္ျပန္လုိက္တာပါ။ လက္ရွိအေျခအေနမွာေတာ့ အဲ့ဒီေလဖိအားနည္းရပ္၀န္းဟာ ထိုင္းႏိုင္ငံ၊ ခ်န္ဖုန္း (Chumphon) ၿမိဳ႕အနီးကို ၀င္ေရာက္သြားကာ အားေပ်ာ့ သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီေလဖိအားနည္းရပ္၀န္းရဲ႕ အရွိန္ေၾကာင့္ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ တစ္ခါတစ္ရံ အေရွ႕ဘက္က ေလျပင္းေတြ တိုက္ခတ္ၿပီး၊ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္တဲ့ အေျခအေနမ်ိဳးေတြလည္း ျဖစ္ေပၚေနတာပါ။

အဲ့ဒီလို အေရွ႕ဘက္က ေလျပင္းေတြ တိုက္ခတ္စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီကို (၃၅) မိုင္ကေန မိုင္ (၄၀) အထိ တိုက္ခတ္ႏိုင္တဲ့ အေျခအေနမ်ိဳး ရွိေနတာပါ။

အဲ့ဒီေဒသေတြမွာပဲ လႈိင္းအျမင့္ဟာ (၆) ေပကေန (၉)ေပေလာက္အထိနဲ႔ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕နဲ႔ ရခိုင္ ကမ္း႐ိုးတန္းတစ္ေလၽွာက္တို႔တြင္ (၃) ေပကေန (၅) ေပေလာက္ အထိ ရွိႏိုင္တယ္လို႔လည္း ခန္႔မွန္းထား တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းပင်လယ်ကွေ့က လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မြန်မာနိုင်ငံကို ဖြတ်မယ်

ထိုင်းပင်လယ်ကွေ့က လေဖိအားနည်းရပ်ဝန်းဟာ ၂၄ နာရီအတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိမယ်လို့ မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ် ပြန်ထားပါတယ်။

နိုဝင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာရရှိချက်တွေအရ အဲ့ဒီလို ထုတ်ပြန်လိုက်တာပါ။ လက်ရှိအခြေအနေမှာတော့ အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ထိုင်းနိုင်ငံ၊ ချန်ဖုန်း (Chumphon) မြို့အနီးကို ဝင်ရောက်သွားကာ အားပျော့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ တစ်ခါတစ်ရံ အရှေ့ဘက်က လေပြင်းတွေ တိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ပေါ်နေတာပါ။

အဲ့ဒီလို အရှေ့ဘက်က လေပြင်းတွေ တိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅) မိုင်ကနေ မိုင် (၄၀) အထိ တိုက်ခတ်နိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။

အဲ့ဒီဒေသတွေမှာပဲ လှိုင်းအမြင့်ဟာ (၆) ပေကနေ (၉)ပေလောက်အထိနဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၃) ပေကနေ (၅) ပေလောက် အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထား တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)