E–Government စနစ္ ေအာင္ျမင္ဖို႔ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္ရြက္ဖို႔လို

0
419

ျမန္မာႏိုင္ငံရဲ႕ E–Government စနစ္ေတြ ေအာင္ျမင္ဖို႔ အစိုးရ-ပုဂၢလိက ပူးေပါင္း ေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ ျမန္မာႏုိင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္ ဥကၠ႒ ဦးခြန္ဦးက ေျပာၾကားလိုက္ပါတယ္။

ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန ၂ မွာ ႏို၀င္ဘာလ ၇ ရက္ေန႔က ခင္းက်င္းျပသခဲ့တဲ့ E – Government Conference & ICT Exhibition 2017 မွာ ေျပာၾကားလိုက္တာပါ။

ဒီလို ေျပာၾကားရာမွာေတာ့ E – Government အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ ေငြေၾကးအရင္းအႏွီး အမ်ားအျပား လိုအပ္ၿပီး အစိုးရ အင္အားတစ္ခုတည္းနဲ႔ ေဆာင္ရြက္ဖို႔ ခက္ခဲတာေၾကာင့္ အစိုးရဌာနေတြသာမက ICT Industry နဲ႔ Private Sector ေတြကလည္း ကူညီ ေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔လည္း ထည့္သြင္းေျပာၾကားခဲ့တာပါ။

အဲ့ဒီလို အစိုးရဘ႑ာေရး လိုအပ္ခ်က္ကို ေျဖေလ်ာ့ႏိုင္ဖို႔အတြက္ အစိုးရ-ပုဂၢလိက ပူးေပါင္း ေဆာင္ရြက္မႈ ပံုစံျဖင့္ ေဆာင္ရြက္သြားဖို႔       ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

E–Government စနစ် အောင်မြင်ဖို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ဖို့လို

မြန်မာနိုင်ငံရဲ့ E–Government စနစ်တွေ အောင်မြင်ဖို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ နိုဝင်ဘာလ ၇ ရက်နေ့က ခင်းကျင်းပြသခဲ့တဲ့ E – Government Conference & ICT Exhibition 2017 မှာ ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ E – Government အကောင်အထည်ဖော်တဲ့ နေရာမှာ ငွေကြေးအရင်းအနှီး အများအပြား လိုအပ်ပြီး အစိုးရ အင်အားတစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ ခက်ခဲတာကြောင့် အစိုးရဌာနတွေသာမက ICT Industry နဲ့ Private Sector တွေကလည်း ကူညီ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာပါ။

အဲ့ဒီလို အစိုးရဘဏ္ဍာရေး လိုအပ်ချက်ကို ဖြေလျော့နိုင်ဖို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ပုံစံဖြင့် ဆောင်ရွက်သွားဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)