
0
368




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ Facebook အသုံးပြုတာနဲ့ပတ်သက်ပြီး NLD အစိုးရ ကိုင်တွယ်တော့မယ်

လူငယ်တွေ Facebook အသုံးပြုတာနဲ့ပတ်သက်ပြီး ကိုင်တွယ်နိုင်ဖို့ NLD အစိုးရက လူငယ်မူဝါဒဆိုင်ရာ Action Plan ထဲမှာ ထည့်သွင်းရေးဆွဲဖို့ ရှိနေပါတယ်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရေးအတွက် တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ Facebook အသုံးပြုမှုပေါ် မူတည်ပြီး လူငယ်တွေ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့အတူ တားဆီးကာကွယ်နိုင်ဖို့ လူငယ်မူဝါဒဆိုင်ရာ Action Plan ထဲမှာ ထည့်သွင်းရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)