NLD အစိုးရ လူငယ္ဘက္စံု ဖြံ႕ၿဖိဳးေရးပြဲေတာ္ကို ရန္ကုန္တကၠသိုလ္မွာက်င္းပမယ္

0
440

NLD အစိုးရက လူငယ္ဘက္စံု ဖြံ႕ၿဖိဳးေရးပြဲေတာ္ကို ရန္ကုန္တကၠသိုလ္ ပရ၀ဏ္အတြင္းမွာ ဒီဇင္ဘာ ၁ ရက္မွ ၃ ရက္အထိ က်င္းပဖို႔    ရွိေနပါတယ္။

အဲ့ဒီ ပြဲေတာ္ကာလအတြင္းမွာေတာ့ စာေပဆိုင္ရာလႈပ္ရွားမႈေတြ အျဖစ္ အဂၤလိပ္စာစြမ္းရည္ၿပဳိင္ပြဲ၊ စကားရည္လုပြဲနဲ႔ လူငယ္ဆိုင္ရာ       ေဆြးေႏြးပြဲေတြ ပါ၀င္ဖို႔ ရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အားကစားဆိုင္ရာ လႈပ္ရွားမႈေတြ၊ ရန္ပံုေငြေစ်းေရာင္း ပြဲေတာ္ေတြအျပင္ သိပၸံဆိုင္ရာလႈပ္ ရွားမႈေတြ၊ IT နည္းပညာ ဆိုင္ရာ    လႈပ္ရွားမႈေတြကို ျပဳလုပ္သြားဖို႔ ရွိေနတာျဖစ္ပါတယ္။

အလားတူ အႏုပညာဆိုင္ရာလႈပ္ရွားမႈေတြ၊ အသိ ပညာေပး လႈပ္ရွားမႈေတြကိုပါ ထည့္သြင္းသြားဖို႔ရွိေနတာပါ။ အဲ့ဒီ လူငယ္ဘက္စံု ဖြံ႔ၿဖိဳးေရးပြဲေတာ္ က်င္းပျပဳလုပ္ေရးအတြက္ တတိယ အႀကိမ္ ညႇိႏႈိင္းအစည္းအေ၀း ႏို၀င္ဘာလ ၇ ရက္ေန႔က  ေနျပည္ေတာ္ရွိ                            ျပန္ၾကားေရး၀န္ႀကီးဌာနမွာ ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စု၀န္ႀကီးေတြျဖစ္ၾကတဲ့ ေဒါက္တာေဖျမင့္၊ ေဒါက္တာ မ်ဳိးသိမ္းႀကီး၊                             ေဒါက္တာျမင့္ေထြးနဲ႔ ေဒါက္တာ၀င္းျမတ္ေအးတို႔နဲ႔အတူ သက္ဆိုင္ရာဌာနေတြက တာ၀န္ရွိပုဂၢိဳလ္ေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်မှာကျင်းပမယ်

NLD အစိုးရက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းမှာ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပဖို့    ရှိနေပါတယ်။

အဲ့ဒီ ပွဲတော်ကာလအတွင်းမှာတော့ စာပေဆိုင်ရာလှုပ်ရှားမှုတွေ အဖြစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စကားရည်လုပွဲနဲ့ လူငယ်ဆိုင်ရာ       ဆွေးနွေးပွဲတွေ ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် အားကစားဆိုင်ရာ လှုပ်ရှားမှုတွေ၊ ရန်ပုံငွေဈေးရောင်း ပွဲတော်တွေအပြင် သိပ္ပံဆိုင်ရာလှုပ် ရှားမှုတွေ၊ IT နည်းပညာ ဆိုင်ရာ လှုပ်ရှားမှုတွေကို ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အလားတူ အနုပညာဆိုင်ရာလှုပ်ရှားမှုတွေ၊ အသိ ပညာပေး လှုပ်ရှားမှုတွေကိုပါ ထည့်သွင်းသွားဖို့ရှိနေတာပါ။ အဲ့ဒီ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရေးအတွက် တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေး နိုဝင်ဘာလ ၇ ရက်နေ့က  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနဲ့ ဒေါက်တာဝင်းမြတ်အေးတို့နဲ့အတူ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)