လံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ ဘာသာေရး အသိုင္းအ၀န္းေတြအၾကား ကြဲျပားတင္းမာမွဳေတြ ပိုမို ျမင့္မားေစႏိုင္

0
438

ကုလသမဂၢလံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ဟာ ဘာသာေရးအသိုင္းအ၀န္းေတြအၾကား ကြဲျပား တင္းမာမွဳေတြ ပိုမို ျမင့္မားေစႏိုင္ေၾကာင္း ျမန္မာအစိုးရက တရား၀င္ေျပာၾကားလိုက္ပါတယ္။

ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ (Statement by the President of the Security Council- PRST) တစ္ရပ္ ထုတ္ျပန္ဖို႔ လံုျခံဳေရးေကာင္စီမွာ တံခါးဖြင့္အစည္းအေ၀းမွာ ျမန္မာႏိုင္ငံဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက ျမန္မာအစိုးရရဲ႕ သေဘာထားရပ္တည္ခ်က္ မိန္႔ခြန္းကိုေျပာၾကားစဥ္ အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ လံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိတဲ့အခ်က္တခ်ို႕ဟာ ကုလသမဂၢနဲ႔ အျခားအဖြဲ႔အစည္းေတြရဲ႕ လုပ္ငန္းတာ၀န္ေတြကိုလည္း ထိခိုက္ေစတယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ဒါအျပင္ ျမန္မာႏိုင္ငံရဲ႕ အေရးကိစၥနဲ႔ပတ္သက္ၿပီး ကုလအေထြေထြညီလာခံ တတိယေကာ္မတီနဲ႔ လူ႔အခြင့္အေရးေကာင္စီတို႔မွာလည္း ထည့္သြင္းေဆြးေနတဲ့အတြက္ ကိုယ္စားလွယ္ေတြက ကုလအဖြဲ႔အစည္းႀကီးရဲ႕ လုပ္ငန္းတာ၀န္ေတြ ထပ္ေနမွဳနဲ႔ ဘ႑ာေငြ အလြန္အကြၽံသံုးစြဲေတြကို ေရွာင္ရွားၾကဖို႔ ေထာက္ျပေျပာၾကားေနခ်ိန္ေတြမွာ ထပ္ခါတလဲ ေဆြးေႏြးဖို႔ မလိုအပ္ဘူးလို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

================================

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် ဘာသာရေး အသိုင်းအဝန်းတွေအကြား ကွဲပြားတင်းမာမှုတွေ ပိုမို မြင့်မားစေနိုင်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ဟာ ဘာသာရေးအသိုင်းအဝန်းတွေအကြား ကွဲပြား တင်းမာမှုတွေ ပိုမို မြင့်မားစေနိုင်ကြောင်း မြန်မာအစိုးရက တရားဝင်ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် (Statement by the President of the Security Council- PRST) တစ်ရပ် ထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီမှာ တံခါးဖွင့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက မြန်မာအစိုးရရဲ့ သဘောထားရပ်တည်ချက် မိန့်ခွန်းကိုပြောကြားစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့အချက်တချို့ဟာ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထိခိုက်စေတယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါအပြင် မြန်မာနိုင်ငံရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး ကုလအထွေထွေညီလာခံ တတိယကော်မတီနဲ့ လူ့အခွင့်အရေးကောင်စီတို့မှာလည်း ထည့်သွင်းဆွေးနေတဲ့အတွက် ကိုယ်စားလှယ်တွေက ကုလအဖွဲ့အစည်းကြီးရဲ့ လုပ်ငန်းတာဝန်တွေ ထပ်နေမှုနဲ့ ဘဏ္ဍာငွေ အလွန်အကျွံသုံးစွဲတွေကို ရှောင်ရှားကြဖို့ ထောက်ပြပြောကြားနေချိန်တွေမှာ ထပ်ခါတလဲ ဆွေးနွေးဖို့ မလိုအပ်ဘူးလို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)