ကုလ လံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္အေပၚ လက္ခံေက်နပ္မွဳ မရွိေၾကာင္း တရား၀င္ကန္႔ကြက္

0
392

ကုလသမဂၢလံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္အေပၚ ျမန္မာအစိုးရအေနနဲ႔ လက္ခံေက်နပ္မွဳ မရွိေၾကာင္း တရား၀င္ကန္႔ကြက္လိုက္ပါတယ္။

ႏို၀င္ဘာလ ၇ ရက္ေန႔က ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံ ေတာ္အစိုးရ ႏိုင္ငံေတာ္အတုိင္ပင္ခံရံုး၀န္ႀကီးဌာနကေန တရး၀င္ ေၾကညာခ်က္ ထုတ္ျပန္ ကန္႔ကြက္ လိုက္တာပါ။

အဲ့ဒီေၾကညာခ်က္ထဲမွာေတာ့ ကုလသမဂၢလံုျခံုေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ေၾကာင့္ ျမန္မာ- ဘဂၤလားေဒ့ခ်္ ႏွစ္ႏိုင္ငံအၾကား ေခ်ာေမြ႔စြာသြားေနတဲ့ ေစ့စပ္ေဆြးေႏြးမွဳေတြကို ထိခိုက္ေစတဲ့ အႏၱရာယ္ရွိ တယ္လို႔ ေဖာ္ျပထားတာပါ။

ဒါ့အျပင္ ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ကိုင္တြယ္ေျဖရွင္းေနဆဲျဖစ္တဲ့ အေျခအေန တစ္ရပ္နဲ႔ပတ္သက္ၿပီး လိုအပ္မွဳမရွိဘဲ ထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့တဲ့အေပၚ ျမန္မာအစိုးရအေနနဲ႔ လက္ခံေက်နပ္မွဳ မရွိဘူးလို႔လည္း ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလံုျခံဳေရးေကာင္စီ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ (Statement by the President of the Security Council- PRST) တစ္ရပ္ ထုတ္ျပန္ဖို႔ လံုျခံဳေရးေကာင္စီမွာ တံခါးဖြင့္အစည္းအေ၀းတစ္ရပ္ကို ႏို၀င္ဘာလ ၆ ရက္ေန႔က အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပခဲ့တာပါ။

အဲ့ဒီအစည္းအေ၀းမွာ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္ တစ္ရပ္ကို ခ်မွတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သေဘာတူညီမွဳ မရရွိခဲ့တာေၾကာင့္ ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ကို အတည္ျပဳ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

 

ကုလ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အပေါ် လက်ခံကျေနပ်မှု မရှိကြောင်း တရားဝင်ကန့်ကွက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်မှု မရှိကြောင်း တရားဝင်ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေ တရးဝင် ကြေညာချက် ထုတ်ပြန် ကန့်ကွက် လိုက်တာပါ။

အဲ့ဒီကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကြောင့် မြန်မာ- ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံအကြား ချောမွေ့စွာသွားနေတဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ထိခိုက်စေတဲ့ အန္တရာယ်ရှိ တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်တဲ့ အခြေအနေ တစ်ရပ်နဲ့ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တဲ့အပေါ် မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်မှု မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် (Statement by the President of the Security Council- PRST) တစ်ရပ် ထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီမှာ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တာပါ။

အဲ့ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ဖို့ ကြိုးစားခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့တာကြောင့် ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကို အတည်ပြု ချမှတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)