အနိုင်အရှုံးကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံဖို့ NLD ပြည်သူတွေကို ပန်ကြား

0
458

ဒီကနေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ် အရှုံးအနိုင်ကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပန်ကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၈ ရက် မဲစတင် ရေတွက်ချိန်က စတင်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး ပြည်သူများကို ပန်ကြားလိုက်တာပါ။

DASSK_01

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ပြီး အပြီးသတ်မဲစာရင်းကို သိချင်ကြတဲ့ ပြည်သူအချို့ဟာ သူတို့နေအိမ်တွေကနေထွက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင်မှာရှိတဲ့ အဖွဲ့ချုပ် ရုံးရှေ့မှာ နေ့ချင်းပြီး ထုတ်ပြန်ပေးနေတဲ့ မဲစာရင်းကို သိရန် စုဝေးနေကြတဲ့အပေါ် အခုလိုပန်ကြားခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ မဲစာရင်းရလဒ်တွေ အပြီးသတ်ရေတွက်နိုင်တာမျိုး မရှိသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ နေထိုင်တဲ့ နေရာကနေပြီး မဲစာရင်းရလဒ်ကို စောင့်မျှော်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မော့ဂျေ(ရန်ကုန်၊ နိုဝင်ဘာ ၈)

NLD

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)