သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ မဲဆန္ဒရှင် ၁၅၀၀ လောက် မဲပေးခွင့်ဆုံးရှုံးခဲ့ရတယ်

0
313


သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မြေ သုဝဏ္ဏ ၂၉ ရပ်ကွက်က မဲဆန္ဒရှင် ၁၅၀၀ ခန့်ဟာ မဲပေးဖို့ ကြိုးစားခဲ့ပေမယ့် မဲပေးခွင့်ဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားဒီမိုက်ကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ မဲရုံတွေကို လှည့်လည်ကြည့်ရှု့စဉ် ကိုနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။

နိုဝင်ဘာ ၈ ရက် မဲပေးရတဲ့နေ့မှာ မဲစာရင်းမှာ ပါတဲ့သူတွေ မဲပေးရတာအခက်အခဲသိပ်မရှိပေမယ့် နောက်ဆုံး မဲစာရင်းမှာ စာရင်းမပါခဲ့လို ပုံစံ ၃ (က) နဲ့ လျှောက်ထားသူတွေ စာရင်းမှာ မပါခဲ့သလို တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ကိုယ်စားလှယ်တွေအတွက် မဲပေးခွင့်စာရင်းတွေမှာ မပါဝင်ခဲ့တာကြောင့် မဲပေးခွင့်မရခဲ့ကြတာတွေ အများဆုံးဖြစ်ခဲ့တယ် ဆိုတာကို ကိုနေဘုန်းလတ်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် မဲရုံစောင့်ကြည့်တဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါကြောင်းနဲ့ စနစ်တကျ အလုပ်လုပ်တယ်ဆိုရင် မဲမသမာမှုတွေ နည်းပါးနိုင်တယ်လို့လည်း ပြောပါတယ်။
အလားတူပဲ မဲရုံစောင့်ကြည့်မှုအားကောင်းတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ မဲစာရင်းအချက် အလက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲအရေအတွက် မကိုက်ညီဘဲ ပြည်သူတွေက လက်မခံဘူးဆိုရင် ဆိုရင် တိုင်းပြည်တည်ငြိမ်ရေးကို ထိခိုက်နိုင်တယ်လို့ သင်္ဃန်းကျွန်မြို့နယ် ၂၃ ရပ်ကွက်က မဲရုံကို ဆန္ဒမဲလာပေးတဲ့ မြန်မာနိုင်ငံ ဆန်းစပါးလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းပြောပါတယ်။

ဒါ့အပြင် ဆန္ဒမဲပေးတဲ့နေရာမှာ အခက်အခဲတွေ သိပ်မရှိပေမယ့် တံဆိပ်တုံး ထုနေကြမဟုတ်တဲ့ မဲဆန္ဒရှင်တွေဟာ တံဆိပ်တုံးကို မဖိတဲ့အတွက် ဆေးမထင်လို့ ပယ်မဲဖြစ်သွားမှာတွေအတွက်တော့ စိုးရိမ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)