ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ်အဖြစ် ဆန္ဒမဲပေး

0
351


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် အမှတ် (၃)အခြေခံပညာမူလတန်းကျောင်းကမဲရုံအမှတ်(၂ ) မှာဒီကနေ့ ဆန္ဒမဲပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာနေအိမ်အကျယ်ချုပ်ကျနေတဲ့အတွက် ဆန္ဒမဲမပေးခဲ့ရဘဲအခု ၂၀၁၅ ရွေးကောက်ပွဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် မဲပေးတာ ဖြစ်ပါတယ်။
ဒီ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ကိုယ်ရွေးချယ်တဲ့ပါတီကိုမဲဆန္ဒပေးနိုင်ခဲ့ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မျှော်လင့်တယ်လို့ အမက (၃ ) မဲရုံမှာ ဆန္ဒမဲပေးသူတွေကပြောပါတယ်။
ကိုအိုက်လှိုင်

ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော်နေရာအတွက် ဦးထွန်းမြင့် ၊ အမျိုးသားလွှတ်တော်အတွက် ဦးဘမျိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဦးသောင်းထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် တခြားနိုင်ငံရေးပါတီတွေဖြစ်တဲ့ အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊အမျိုးသားဒီမိုကရေစီပါတီသစ်တို့ကလည်းဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့ မနက် ၉ နာရီလောက်မှာဗဟန်းမြို့နယ်မှာပထမဦးဆုံးမဲပေးခဲ့ပြီးသူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကိုသွားရောက်ကြည့်ရှုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)