EU က ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး႐ုပ္သိမ္းခဲ့ပါက ႏိုင္ငံတည္ၿငိမ္ေရး ထိခိုက္ႏိုင္ (႐ုပ္/သံ)

0
1209

ဥေရာပသမဂၢက ျမန္မာႏိုင္ငံအေပၚ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး ႐ုပ္ပ္သိမ္းခဲ႔ရင္ အလုပ္သမားေတြ အလုပ္လက္မဲ႔ ျဖစ္လာၿပီး ႏိုင္ငံတည္ၿငိမ္ေရးကိုပါ ထိခိုက္ႏိုင္တယ္လို႔ အလုပ္သမားအေရးေဆာင္ရြက္သူက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေပၚေပးထားတဲ႔ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး ျပန္ရုပ္သိမ္းဖို႔ သင့္၊ မသင့္ ေလ့လာဖို႔ ဥေရာပသမဂၢက အခ်က္အလက္ရွာေဖြေရးအဖြဲ႔တစ္ဖြဲ႔ ျမန္မာႏိုင္ငံကို ေစလႊတ္မယ္လို႔ ဥေရာပသမဂၢ ကုန္သြယ္ေရးအႀကီးအကဲက ေအာက္တုိဘာလ ၅ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

အဲဒီလို ျမန္မာႏိုင္ငံအေပၚေပးထားတဲ႔ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးကို ျပန္႐ုပ္သိမ္းလိုက္မယ္ဆိုရင္ အထည္ခ်ဳပ္လုပ္ငန္းက႑အတြက္ အမ်ားဆုံးထိခိုက္ႏိုင္ၿပီး အထည္ခ်ဳပ္အလုပ္သမားေတြ အလုပ္လက္မဲ့ ျပသနာေတြနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ အလုပ္သမားအေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္။

အထည္ခ်ဳပ္က႑မွာ အလုပ္သမား ၃ သိန္းေက်ာ္ရွိေနတဲ႔အတြက္ အထည္ခ်ဳပ္အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ရင္ ႏိုင္ငံတည္ၿငိမ္ေရးကိုပါ ထိခိုက္မႈေတြ ရွိလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

Soundbite ဦးေဌး (ဥပေဒအႀကံေပး)
လြတ္လပ္ေသာျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕

ဒါ့အျပင္ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ဥေရာပသမဂၢက ျမန္မာႏိုင္ငံအေပၚ ကုန္သြယ္ေရးပိတ္ဆို႔မႈလုပ္ပါက ရခိုင္အေရးနဲ႔ မသက္ဆိုင္တဲ႔ ျပည္သူအေပၚ ဒဏ္ခတ္ရာေရာက္တယ္လို႔လည္း ေျပာပါတယ္။

Soundbite ဦးေဌး (ဥပေဒအႀကံေပး) လြတ္လပ္ေသာျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားေရးရာအဖြဲ႔

ဥေရာပသမဂၢက ျမန္မာႏိုင္ငံအေပၚကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးကို ၂၀၁၃ ခုႏွစ္ စတင္ခဲ့တာျဖစ္ၿပီး၊ လက္နက္ခဲယမ္းမွအပ က်န္ကုန္ပစၥည္းအားလုံးကို အခြန္ကင္းလြတ္ခြင့္ေပးထားတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

EU က ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးရုပ်သိမ်းခဲ့ပါက နိုင်ငံတည်ငြိမ်ရေး ထိခိုက်နိုင်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်ပ်သိမ်းခဲ့ရင် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လာပြီး နိုင်ငံတည်ငြိမ်ရေးကိုပါ ထိခိုက်နိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ရုပ်သိမ်းဖို့ သင့်၊ မသင့် လေ့လာဖို့ ဥရောပသမဂ္ဂက အချက်အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲက အောက်တ်ုဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါ တယ်။

အဲဒီလို မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးထိခိုက်နိုင်ပြီး အထည်ချုပ်အလုပ်သမားတွေ အလုပ်လက်မဲ့ ပြသနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အထည်ချုပ်ကဏ္ဍမှာ အလုပ်သမား ၃ သိန်းကျော်ရှိနေတဲ့အတွက် အထည်ချုပ်အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရင် နိုင်ငံတည်ငြိမ်ရေးကိုပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

Soundbite ဦးဌေး (ဥပဒေအကြံပေး)
လွတ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှု လုပ်ပါက ရခိုင်အရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူအပေါ် ဒဏ်ခတ်ရာရောက်တယ်လို့လည်း ပြောပါတယ်။

Soundbite ဦးဌေး (ဥပဒေအကြံပေး) လွတ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ၂၀၁၃ ခုနှစ် စတင်ခဲ့တာဖြစ်ပြီး၊ လက်နက်ခဲယမ်းမှအပ ကျန်ကုန်ပစ္စည်းအားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)