
0
1548




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ မြန်မာပြည်က ပြန်လည် ထွက်ခွာ

မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် ရောက်ရှိနေတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တို့ဟာ မနေ့က အောက်တိုဘာ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိအဖွဲ့ဝင် သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုနဲ့ ကော်မရှင်အဖွဲ့ဝင် လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ဦးမြသိန်း၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ အောက်တိုဘာ ၅ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုဟာ အခု ခရီးစဉ်အတွင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)