မီး႐ွဴးမီးပန္း မလႊတ္ဖို႔နဲ႔ ေျဗာက္အိုး မေဖာက္ဖို႔ ရဲတပ္ဖြဲ႕ သတိေပး

0
845

မသမာသူေတြ၊ အဖ်က္အေမွာင့္ ေဆာင္ရြက္လိုသူေတြကလည္း အခြင့္ေကာင္းယူၿပီး အၾကမ္းဖက္ တိုက္ခိုက္မႈေတြနဲ႔ ေဖာက္ခြဲဖ်က္ဆီးမႈေတြ ေရာေႏွာေဆာင္ရြက္လာႏိုင္တဲ့အတြက္ မီး႐ွဴးမီးပန္း မလႊတ္ၾကဖို႔၊ ေျဗာက္အိုးနဲ႔ ႐ွဴးဒိုင္းေတြ ပစ္ေဖာက္ျခင္း မလုပ္ဖို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က အသိေပး ႏိႈးေဆာ္ထားပါတယ္။

မၾကာမီကာလအတြင္း သီတင္းကၽြတ္ပြဲေတာ္နဲ႔ တန္ေဆာင္တိုင္ ပြဲေတာ္ကာလ ေရာက္ရွိၿပီး အဲဒီ ပြဲေတာ္ေတြကို အေၾကာင္းျပဳကာ မီး႐ွဴး မီးပန္းေတြ ပစ္လႊတ္ျခင္း၊ ေျဗာက္အိုး၊ ႐ွဴးဒိုင္းမ်ား ပစ္ေဖာက္ျခင္းေတြ ျပဳလုပ္ၾကတာေၾကာင့္ အမ်ားျပည္သူ အထိန္႔တလန္႔ျဖစ္ေစျခင္း၊ ျပည္သူလူထုနဲ႔ ကေလးသူငယ္တို႔ ထိခိုက္အနာတရ ျဖစ္ေစႏိုင္ျခင္းတို႔ေၾကာင့္ အသိေပးႏိႈးေဆာ္တာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မီး႐ွဴးမီးပန္း၊ ေျဗာက္အိုး၊ ႐ွဴးဒိုင္းေတြကို ထုတ္လုပ္ျခင္း၊ သယ္ေဆာင္ျဖန္႔ျဖဴးျခင္း၊ သိုေလွာင္ျခင္း၊ ေရာင္းခ်ျခင္း၊ ပစ္ေဖာက္ျခင္းေတြ ျပဳလုပ္ပါက တည္ဆဲဥပေဒအရ ထိေရာက္စြာ အေရးယူခံရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးရှူးမီးပန်း မလွှတ်ဖို့နဲ့ ဗြောက်အိုး မဖောက်ဖို့ ရဲတပ်ဖွဲ့ သတိပေး

မသမာသူတွေ၊ အဖျက်အမှောင့် ဆောင်ရွက်လိုသူတွေကလည်း အခွင့်ကောင်းယူပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေ ရောနှောဆောင်ရွက်လာနိုင်တဲ့အတွက် မီးရှူးမီးပန်း မလွှတ်ကြဖို့၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ ပစ်ဖောက်ခြင်း မလုပ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။

မကြာမီကာလအတွင်း သီတင်းကျွတ်ပွဲတော်နဲ့ တန်ဆောင်တိုင် ပွဲတော်ကာလ ရောက်ရှိပြီး အဲဒီ ပွဲတော်တွေကို အကြောင်းပြုကာ မီးရှူး မီးပန်းတွေ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းတွေ ပြုလုပ်ကြတာကြောင့် အများပြည်သူ အထိန့်တလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနဲ့ ကလေးသူငယ်တို့ ထိခိုက်အနာတရ ဖြစ်စေနိုင်ခြင်းတို့ကြောင့် အသိပေးနှိုးဆော်တာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းတွေ ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)