လူငယ္ေတြ အမွန္တကယ္လုပ္ကိုင္လိုတဲ့ လုပ္ငန္းခြင္အေၾကာင္း ေလ့လာထားဖို႔လို (႐ုပ္/သံ)

0
1309

လူငယ္ေတြအေနနဲ႔ အမွန္တကယ္လုပ္ကိုင္လိုတ့ဲ လုပ္ငန္းခြင္ကုိ ၀င္ေရာက္လုပ္ကိုင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထား ဖုိ႔ လိုအပ္တယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းကုိ ႏိုင္ငံျခားလုပ္ငန္းေတြ တျဖည္းျဖည္း၀င္လာေပမယ့္ လုပ္ငန္းခြင္အတြင္း လုပ္ကိုင္ေနတ့ဲ လူငယ္ေတြအျပင္ လုပ္ငန္းခြင္၀င္ေရာက္ဖို႔ ျပင္ဆင္ေနတ့ဲ လူငယ္ေတြအေနနဲ႕ ေရရွည္အမွန္တကယ္ လုပ္ကိုင္လုိတဲ့ လုပ္ငန္းနယ္ပယ္ေတြကို ၀င္ေရာက္လုပ္ကိုင္ဖို႔ ေသခ်ာေရြးခ်ယ္ဆုံးျဖတ္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

ေအာက္တိုဘာလ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Rose Garden Hotel မွာ MyJob.com.mmရဲ႕ ရန္ကုန္ အလုပ္အကိုင္ျပပြဲကို က်င္းပခ့ဲတာပါ။

Soundbites – ဦးဂ်ိမ္းစ္ေအာင္ႏိုင္မိုး ( Assistant Sales Director)
MyJobs.com.mm(Myanmar)

ဒါ့အျပင္ လူငယ္အေတြအေနနဲ႔ အလုပ္အကိုင္ရွာေဖြတ့ဲေနရာမွာ လိုအပ္တ့ဲအခ်က္အလက္ေတြကို ျပင္ဆင္ရမွာျဖစ္ၿပီး ကိုယ္ေရးအခ်က္အလက္ ေဖာင္အတြက္ လိုရင္းကိုထည့္သြင္းေရးသားဖို႔လည္း လိုအပ္ပါတယ္။ ကိုယ္၀င္ေရာက္လုပ္ကိုင္လိုတ့ဲ လုပ္ငန္းရဲ႕႔အေၾကာင္းေတြကို ေလ့လာထားဖို႔အျပင္ အမွန္တကယ္ ၀င္ ေရာက္လုပ္ကိုင္ႏိုင္မယ့္ေနရာကို ေရြးခ်ယ္ဖို႔လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

Soundbites – ဦးဂ်ိမ္းစ္ေအာင္ႏိုင္မိုး ( Assistant Sales Director)
MyJobs.com.mm(Myanmar)

ရန္ကုန္အလုပ္အကိုင္ျပပြဲကို MyJobs.com က ၂ ႏွစ္အတြင္း ၈ၾကိမ္ေျမာက္ က်င္းပခ့ဲတာျဖစ္ၿပီး လုပ္ငန္းကုမၸဏီေတြအျပင္ ပညာေရးဆိုင္ရာေက်ာင္းေတြ အပါအ၀င္ လုပ္ငန္း ၃၀ ခန္႔က အလုပ္အကိုင္ေခၚယူခဲ့တာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ အမှန်တကယ်လုပ်ကိုင်လိုတဲ့ လုပ်ငန်းခွင်အကြောင်း လေ့လာထားဖို့လို

လူငယ်တွေအနေနဲ့ အမှန်တကယ်လုပ်ကိုင်လိုတဲ့ လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထား ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားလုပ်ငန်းတွေ တဖြည်းဖြည်းဝင်လာပေမယ့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေတဲ့ လူငယ်တွေအပြင် လုပ်ငန်းခွင်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအနေနဲ့ ရေရှည်အမှန်တကယ် လုပ်ကိုင် လိုတဲ့ လုပ်ငန်းနယ်ပယ်တွေကို ဝင်ရောက်လုပ်ကိုင်ဖို့ သေချာရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါ တယ်။

အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ Rose Garden Hotel မှာ MyJob.com.mmရဲ့ ရန်ကုန် အလုပ်အကိုင်ပြပွဲကို ကျင်းပခဲ့တာပါ။

Soundbites – ဦးဂျိမ်းစ်အောင်နိုင်မိုး ( Assistant Sales Director)
MyJobs.com.mm(Myanmar)

ဒါ့အပြင် လူငယ်အတွေအနေနဲ့ အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို ပြင်ဆင်ရ မှာဖြစ်ပြီး ကိုယ်ရေးအချက်အလက် ဖောင်အတွက် လိုရင်းကိုထည့်သွင်းရေးသားဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ဝင်ရောက်လုပ်ကိုင်လိုတဲ့ လုပ်ငန်းရဲ့အကြောင်းတွေကို လေ့လာထားဖို့အပြင် အမှန်တကယ် ဝင် ရောက်လုပ်ကိုင်နိုင်မယ့်နေရာကို ရွေးချယ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Soundbites – ဦးဂျိမ်းစ်အောင်နိုင်မိုး ( Assistant Sales Director)
MyJobs.com.mm(Myanmar)

ရန်ကုန်အလုပ်အကိုင်ပြပွဲကို MyJobs.com က ၂ နှစ်အတွင်း ၈ကြိမ်မြောက် ကျင်းပခဲ့တာဖြစ်ပြီး လုပ်ငန်းကုမ္ပဏီတွေအပြင် ပညာရေးဆိုင်ရာကျောင်းတွေ အပါအဝင် လုပ်ငန်း ၃၀ ခန့်က အလုပ်အကိုင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)