ပဲခူးမွာ ပရိေဘာဂပစၥည္း စက္မႈဇုန္သစ္ ေဖာ္ထုတ္ဖို႔ ေဆြးေႏြး

0
814

ပဲခူးတိုင္းေဒသႀကီးမွာ ေရာ္ဘာသစ္ကို အေျခခံတဲ့ အဆင့္မီ စက္မႈဇုန္သစ္တစ္ခု ေဖာ္ထုတ္ဖို႔ အေမရိကန္ႏိုင္ငံ အေျခစိုက္ MDS Investment LLC မွ မီမီလင္း ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔က ပဲခူးတိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းနဲ႔ တာဝန္ရွိသူေတြကို လာေရာက္ ေတြ႔ဆံု ေဆြးေႏြးခဲ့ပါတယ္။

ပဲခူးၿမိဳ႕ရွိ တိုင္းေဒသႀကီး အစိုးရအဖြဲ႔႐ုံးမွာ ေအာက္တုိဘာ ၅ ရက္ေန႔က ေတြ႔ဆံုတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ပရိေဘာဂပစၥည္းေတြ ထုတ္လုပ္တဲ့ စက္႐ုံေတြ တည္ေထာင္ဖို႔ လာေရာက္ကမ္းလွမ္းတာ ျဖစ္ေၾကာင္း၊ ပဲခူးေဒသအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြနဲ႔ လူမႈစီးပြား ဖြံ႔ၿဖိဳးတိုးတက္ေစဖို႔ ရည္ရြယ္ခ်က္နဲ႔ လာေရာက္ ေတြ႔ဆံုတာျဖစ္ေၾကာင္း တင္ျပခဲ့ပါတယ္။

ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ကလည္း ေဒသခံျပည္သူေတြနဲ႔ တိုင္းျပည္အတြက္ ႏိုင္ငံျခားဝင္ေငြ ရရွိႏိုင္မယ့္ စက္မႈဇုန္လုပ္ငန္းေတြအတြက္ မိမိတို႔အစိုးရအေနနဲ႔ လိုအပ္တာေတြကို ကူညီပံ့ပိုးေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ MDS Investment LLC ကုမၸဏီက အေမရိကန္ႏိုင္ငံ အေျခစိုက္ျဖစ္ၿပီး ပရိေဘာဂပစၥည္းေတြကို အေမရိကန္နဲ႔ ကေနဒါႏိုင္ငံတို႔မွာ အဓိကထား ျဖန႔္ျဖဴးေရာင္းခ်ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူးမှာ ပရိဘောဂပစ္စည်း စက်မှုဇုန်သစ် ဖော်ထုတ်ဖို့ ဆွေးနွေး

ပဲခူးတိုင်းဒေသကြီးမှာ ရော်ဘာသစ်ကို အခြေခံတဲ့ အဆင့်မီ စက်မှုဇုန်သစ်တစ်ခု ဖော်ထုတ်ဖို့ အမေရိကန်နိုင်ငံ အခြေစိုက် MDS Investment LLC မှ မီမီလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တာဝန်ရှိသူတွေကို လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ပဲခူးမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာ ၅ ရက်နေ့က တွေ့ဆုံတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပရိဘောဂပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ထောင်ဖို့ လာရောက်ကမ်းလှမ်းတာ ဖြစ်ကြောင်း၊ ပဲခူးဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ လာရောက် တွေ့ဆုံတာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

ပဲခူးတိုင်း ဝန်ကြီးချုပ်ကလည်း ဒေသခံပြည်သူတွေနဲ့ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရှိနိုင်မယ့် စက်မှုဇုန်လုပ်ငန်းတွေအတွက် မိမိတို့အစိုးရအနေနဲ့ လိုအပ်တာတွေကို ကူညီပံ့ပိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ MDS Investment LLC ကုမ္ပဏီက အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ်ပြီး ပရိဘောဂပစ္စည်းတွေကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ အဓိကထား ဖြန့်ဖြူးရောင်းချနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)