ရွားပါး ငွက္နဲ႔ တိရစာၦန္ေတြ ေမွာင္ခိုတင္သြင္းလာတာ အိႏၵိယမွာ ဖမ္းမိ

0
919

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ကေန ျမန္မာႏိုင္ငံကို ျဖတ္ၿပီး အိႏၵိယကို ေမွာင္ခို တင္သြင္းလာတဲ့ ရွားပါး ငွက္နဲ႔ တိရစာၱန္ ၃၅ ေကာင္ခန္႔ကို ကိုလ္ကတၱားႏိုင္ငံတကာ ေလဆိပ္မွာ ဖမ္းဆီးရမိခဲ့ၿပီး လူႏွစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

အေကာက္ခြန္ စံုစမ္းေထာက္လွမ္းေရး ဌာနက ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ႐ူပီးေငြ ၈၅ သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ရွားပါး ငွက္နဲ႔ တိရစာၱန္ေတြကို ဖမ္းဆီးရမိတာျဖစ္ၿပီး ကိုလကတၱား တိရစာၦန္႐ံုကို လႊဲေျပာင္းေပးလိုက္တယ္လို႔ NDTV သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီတိရစာၦန္ေတြကို ပူေနးရွိ လူတစ္ဦးဆီပို႔ဖို႔ လိပ္စာတပ္ထားၿပီး သယ္ေဆာင္လာသူနဲ႔ သူ႔ကို လာေရာက္ ေစာင့္ဆိုင္းေနသူ တစ္ဦးတို႔ကို တိရစာၦန္ ေလွာင္အိမ္ေတြ ကားေပၚတင္ဖို႔ ႀကိဳးပမ္းေနစဥ္ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ပူေနးၿမိဳ႕ရွိ လိပ္စာတပ္ထားတဲ့ သူကိုလည္း ဆက္လက္ စံုစမ္းစစ္ေဆးမွာ ျဖစ္ပါတယ္။ ရွားပါး တိရစာၦန္ေတြကို အိႏၵိယ-ျမန္မာနယ္စပ္ မီဇိုရမ္ကေန သယ္ေဆာင္လာတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရှားပါး ငှက်နဲ့ တိရစ္ဆာန်တွေ မှောင်ခိုတင်သွင်းလာတာ အိန္ဒိယမှာ ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယကို မှောင်ခို တင်သွင်းလာတဲ့ ရှားပါး ငှက်နဲ့ တိရစ္တာန် ၃၅ ကောင်ခန့်ကို ကိုလ်ကတ္တား နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

အကောက်ခွန် စုံစမ်းထောက်လှမ်းရေး ဌာနက အောက်တိုဘာလ ၆ ရက်နေ့မှာ ရူပီးငွေ ၈၅ သိန်းကျော် တန်ဖိုးရှိတဲ့ ရှားပါး ငှက်နဲ့ တိရစ္တာန်တွေကို ဖမ်းဆီးရမိတာဖြစ်ပြီး ကိုလကတ္တား တိရစ္ဆာန်ရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ NDTV သတင်းမှာ ဖော်ပြထားပါတယ်။

ဒီတိရစ္ဆာန်တွေကို ပူနေးရှိ လူတစ်ဦးဆီပို့ဖို့ လိပ်စာတပ်ထားပြီး သယ်ဆောင်လာသူနဲ့ သူ့ကို လာရောက် စောင့်ဆိုင်းနေသူ တစ်ဦးတို့ကို တိရစ္ဆာန် လှောင်အိမ်တွေ ကားပေါ်တင်ဖို့ ကြိုးပမ်းနေစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ပူနေးမြို့ရှိ လိပ်စာတပ်ထားတဲ့ သူကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။ ရှားပါး တိရစ္ဆာန်တွေကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ကနေ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)