ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္ႏိုင္ဖို႔ နည္းပညာဆိုင္ရာ ပညာရပ္ေတြ သင္ေပးမယ္ (႐ုပ္/သံ)

0
904

နယ္ေဒသေတြက လူငယ္ေတြ ကုိယ္ပုိင္စီးပြားေရးေတြ လုပ္ကုိင္ႏိုင္ဖုိ႔နဲ႔ အလုပ္အကုိင္အခြင့္အလမ္းေတြ ရွာေဖြရာမွာ လြယ္ကူေစ ဖုိ႔ နည္းပညာဆုိင္ရာ ပညာရပ္ေတြကုိ သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားၿပီး ကုိစုိင္းဟန္က တင္ဆက္ထားပါတယ္။

နယ္ေဒသအသီးသီးက လူငယ္ေတြ ကုိယ္ပုိင္စီးပြားေရးေတြ လုပ္ကုိင္ႏုိင္ဖုို႔အျပင္ အလုပ္အကုိင္အခြင့္အလမ္းေတြ ရွာေဖြရာမွာ အလြယ္ကူေစဖုိ႔ နည္းပညာဆုိင္ရာပညာရပ္ေတြကုိ Phandeeyar Innovation Bus အစီအစဥ္နဲ႔ သင္ၾကားေပးသြားမွာျဖစ္တယ္လုိ႔ ဖန္တီးရာရဲ႕ တာ၀န္ရွိသူေတြက ေျပာပါတယ္။

အင္တာဗ်ဴး ထြန္းခုိင္လင္း ( Tech Community Manager)
ဖန္တီးရာ

ဒါ့အျပင္ ျပည္တြင္းက လူငယ္ေတြ လိုအပ္ေနတဲ့ နည္းပညာကြၽမ္းက်င္မႈေတြကုိ သင္ၾကားျပသေပးဖုိ႔အျပင္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြကုိ နည္းပညာ Startup ေတြ သင္ၾကားျပသေပးဖုိ႔နဲ႔ လုံၿခဳံစိတ္ခ်ရတဲ့ Online ပတ္ဝန္းက်င္ျဖစ္ေပၚလာေစဖုိ႔ ရည္ရြယ္ ျပဳလုပ္သင္ၾကားေပးေနတာျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

အင္တာဗ်ဴး ထြန္းခုိင္လင္း ( Tech Community Manager)
ဖန္တီးရာ

ရန္ကုန္ၿမိဳ႕က လူငယ္ေတြအတြက္သာ အက်ိဳးျဖစ္ထြန္းေစမယ့္ နည္းပညာဆုိင္ရာ ပညာရပ္ေတြကုိ သင္ၾကား ေပးႏုိင္ခဲ့တာေၾကာင့္ နည္းပညာနဲ႔ စီးပြားေရးကို စိတ္ပါဝင္စားတဲ့ ရန္ကုန္ၿမိဳ႕ျပင္ပက လူငယ္ေတြကုိ Phandeeyar Innovation Bus အစီအစဥ္နဲ႔ ေတာင္ငူ၊ ေမာ္လၿမဳိင္နဲ႔ လာရႈိးၿမဳိ႕ေတြမွာ ေအာက္တုိဘာလ ၈ ရက္ေန႔ကစတင္ၿပီး သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ဖို့ နည်းပညာဆိုင်ရာ ပညာရပ်တွေ သင်ပေးမယ်

နယ်ဒေသတွေက လူငယ်တွေ ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ကိုင်နိုင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေရာမှာ အလွယ်ကူစေဖို့ နည်းပညာဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပြီး ကိုစိုင်းဟန်က တင်ဆက်ထားပါတယ်။

နယ်ဒေသအသီးသီးက လူငယ်တွေ ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ကိုင်နိုင်ဖိုု့အပြင် အလုပ်အကိုင် အခွင့်အလမ်း တွေ ရှာဖွေရာမှာ အလွယ်ကူစေဖို့ နည်းပညာဆိုင်ရာပညာရပ်တွေကို Phandeeyar Innovation Bus အစီ အစဉ်နဲ့ သင်ကြားပေးသွားမှာဖြစ်တယ်လို့ ဖန်တီးရာရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်တာဗျူး ထွန်းခိုင်လင်း ( Tech Community Manager)
ဖန်တီးရာ

ဒါ့အပြင် ပြည်တွင်းက လူငယ်တွေ လိုအပ်နေတဲ့ နည်းပညာကျွမ်းကျင်မှုတွေကို သင်ကြားပြသပေးဖို့အပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို နည်းပညာ Startup တွေ သင်ကြားပြသပေးဖို့နဲ့ လုံခြုံစိတ်ချရတဲ့ Online ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေဖို့ ရည်ရွယ် ပြုလုပ်သင်ကြားပေးနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အင်တာဗျူး ထွန်းခိုင်လင်း ( Tech Community Manager)
ဖန်တီးရာ

ရန်ကုန်မြို့က လူငယ်တွေအတွက်သာ အကျိုးဖြစ်ထွန်းစေမယ့် နည်းပညာဆိုင်ရာ ပညာရပ်တွေကို သင်ကြား ပေးနိုင်ခဲ့တာကြောင့် နည်းပညာနဲ့ စီးပွားရေးကို စိတ်ပါဝင်စားတဲ့ ရန်ကုန်မြို့ပြင်ပက လူငယ်တွေကို Phandeeyar Innovation Bus အစီအစဉ်နဲ့ တောင်ငူ၊ မော်လမြိုင်နဲ့ လာရှိုးမြို့တွေမှာ အောက်တိုဘာလ ၈ ရက်နေ့ကစတင်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)