ဘဂၤလားေဒ့ရွ္ ကန္႔ကြက္လို႔ စိန္႔မာတင္ကြ်န္းကို ျမန္မာ ေျမပံုေပၚမွ ဖယ္ရွား

0
607

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားတဲ့ ေျမပံုထဲက စိန္႔မာတင္ကြ်န္းကို ဘဂၤလားေဒ့ရွ္ႏိုင္ငံက ကန္ကြက္လို႔ ေျမပံုကေန ဖယ္ရွားလိုက္ပါတယ္။

ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးလြင္ဦးကို ဘဂၤလားေဒ့ရွ္ အစိုးရက ဆင့္ေခၚကာ ဘဂၤလားေဒ့ရွ္ပိုင္ စိန္႔မာတင္ကြ်န္းကို ေနျပည္ေတာ္က လြဲမွားစြာ ျမန္မာ့ေျမပံုမွာ ထည့္သြင္းထားတာကို ကန္႔ကြက္ခဲ့ေၾကာင္း ဘီဒီ နယူးစ္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာဝန္ႀကီးဌာနရဲ႕ ဝက္ဘ္ဆိုက္ dop.gov.mm နဲ႔ တျခားဝက္ဘ္ဆိုက္ တစ္ခုျဖစ္တဲ့ themimu.info တို႔မွာ ျမန္မာအစိုးရက ေျမပံုကို ျပန္လည္ ျပင္ဆင္ေပးခဲ့ပါတယ္။ ကန္႔ကြက္ျခင္းနဲ႔ ျပင္ဆင္ေပးလိုက္ျခင္း ေနာက္ဆံုး အေျခအေနကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာ၊ ပါလီမန္ အၿမဲတမ္းေကာ္မတီဝင္တစ္ဦးက မီဒီယာေတြကို မေန႔က ေအာက္တိုဘာ ၇ ရက္ေန႔မွာ အေၾကာင္းၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ကန့်ကွက်လို့ စိန့်မာတင်ကျွန်းကို မြန်မာ မြေပုံပေါ်မှ ဖယ်ရှား

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ မြေပုံထဲက စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန်ကွက်လို့ မြေပုံကနေ ဖယ်ရှားလိုက်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဆင့်ခေါ်ကာ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကို နေပြည်တော်က လွဲမှားစွာ မြန်မာ့မြေပုံမှာ ထည့်သွင်းထားတာကို ကန့်ကွက်ခဲ့ကြောင်း ဘီဒီ နယူးစ်မှာ ဖော်ပြထားပါတယ်။

မြန်မာဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် dop.gov.mm နဲ့ တခြားဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ themimu.info တို့မှာ မြန်မာအစိုးရက မြေပုံကို ပြန်လည် ပြင်ဆင်ပေးခဲ့ပါတယ်။ ကန့်ကွက်ခြင်းနဲ့ ပြင်ဆင်ပေးလိုက်ခြင်း နောက်ဆုံး အခြေအနေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာ၊ ပါလီမန် အမြဲတမ်းကော်မတီဝင်တစ်ဦးက မီဒီယာတွေကို မနေ့က အောက်တိုဘာ ၇ ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)