Reuters သတင္းေထာက္ေတြ လႊတ္ေပးဖို႔ ဂ်ာနယ္လစ္ ၄၀၀ ေက်ာ္ ေတာင္းဆို

0
214

အစိုးရလွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္ ခ်မွတ္ခံရတဲ့ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ ဖမ္းဆီးခံထားရတာ ရက္ ၃၀၀ ျပည့္ခ်ိန္မွာ သူတို႔ကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ႏိုင္ငံ ၄၀ ေက်ာ္က ဂ်ာနယ္လစ္ ၄၄၀ က ေတာင္းဆိုလိုက္ပါတယ္။

ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ က်င္းပေနတဲ့ စံုစမ္းေဖာ္ထုတ္မႈ သတင္းစာပညာ ညီလာခံမွာ “ဂ်ာနယ္လစ္ဇင္သည္ ရာဇဝတ္မႈ မဟုတ္” ဆိုတဲ့ စာတန္းကိုင္ေဆာင္ၿပီး ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္တယ္လို႔ Asia Correspondent သတင္းမွာ ေဖာ္ျပထားပါတယ္။

ဂ်ာနယ္လစ္ေတြကို အၾကမ္းဖက္တာ၊ မုန္းတီးတာ၊ ႏွိပ္ကြပ္တာေတြနဲ႔ ပတ္သက္ၿပီး ဘယ္လို ေျဖရွင္းမလဲ ဆိုတာေတြကို ဒီညီလာခံမွာ အမ်ားႀကီးေဆြးေႏြးခဲ့ပါတယ္၊ ဒီႏွစ္အတြင္း ဂ်ာနယ္လစ္ ၄၂ ဦး အသတ္ခံခဲ့ရၿပီးပါၿပီ၊ မႏွစ္တုန္းက ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ ဂ်ာနယ္လစ္ ၂၆၂ ဦး ရွိပါတယ္လို႔ Reuters က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ရက္ဂ္ခြ်ားက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေ လွှတ်ပေးဖို့ ဂျာနယ်လစ် ၄၀ဝ ကျော် တောင်းဆို

အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရတာ ရက် ၃၀ဝ ပြည့်ချိန်မှာ သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံ ၄၀ ကျော်က ဂျာနယ်လစ် ၄၄၀ က တောင်းဆိုလိုက်ပါတယ်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပနေတဲ့ စုံစမ်းဖော်ထုတ်မှု သတင်းစာပညာ ညီလာခံမှာ “ဂျာနယ်လစ်ဇင်သည် ရာဇဝတ်မှု မဟုတ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ Asia Correspondent သတင်းမှာ ဖော်ပြထားပါတယ်။

ဂျာနယ်လစ်တွေကို အကြမ်းဖက်တာ၊ မုန်းတီးတာ၊ နှိပ်ကွပ်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေကို ဒီညီလာခံမှာ အများကြီးဆွေးနွေးခဲ့ပါတယ်၊ ဒီနှစ်အတွင်း ဂျာနယ်လစ် ၄၂ ဦး အသတ်ခံခဲ့ရပြီးပါပြီ၊ မနှစ်တုန်းက ထောင်ဒဏ်ချမှတ်ခံရတဲ့ ဂျာနယ်လစ် ၂၆၂ ဦး ရှိပါတယ်လို့ Reuters က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရက်ဂ်ချွားက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)